ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၁၀)


Listen Later

ဒီအပတ် "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတာကတော့ ၂၀၁၆ ခုနှစ်မှာ ဂျာမနီနိုင်ငံ ပုံပြရုပ်ရှင်ကျောင်း တစ်ခုက ထုတ်လုပ်ထားတဲ့ ၄ မိနစ်ကျော်ရှိတဲ့ ဘွဲ့ရစာတမ်းတင် ကာတွန်းရုပ်ရှင်တိုလေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ Youtube Channel မှာ Subscriber ၄သောင်းခွဲခန့် ရှိပြီး ကြည့်ရှုသူ ၁၁ သန်းကျော်၊ သဘောကျနှစ်ခြိုက်သူ  ၂ သိန်းကျော်နဲ့ မှတ်ချက်ပြုသူ ၈ ထောင်ကျော်အပြင် အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာစကားပေါင်း ၂၅ မျိုးနဲ့ ဘာသာပြန် စာတန်းထိုးပေးထားကာ ဘရာဇီးနိုင်ငံသား ပုံပြအနုပညာရှင် Fabio Coala ရဲ့ ရုပ်ပြပုံစံကို အခြေခံပြီး ဂျာမနီနိုင်ငံသား ဒါရိုက်တာ Jacob Frey က ဖန်တီးထားတာ ဖြစ်ပါတယ်။ Vimeo Channel မှာတော့ ကြည့်ရှုသူ ၁၃ သန်းကျော်၊ နှစ်ခြိုက်သဘောကျသူ ၂ သိန်းခွဲခန့်တွေ့ရပြီး ဒီပုံပြရုပ်ရှင် ဖြစ်မြောက်ဖို့ ပါဝင်ဖန်တီးသူ ၈ ဦးကိုလည်း တွေ့ရပါတယ်။ ဒီရုပ်ရှင်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း ၁၈၀ မှာပြသခဲ့ပြီး ဆုပေါင်း ၅၀ ကျော်ရရှိခဲ့ပါတယ်။ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ဒီရုပ်ရှင်အကြောင်း ဆွေးနွေးရင်း ဇာတ်ဝင်ခန်း တစ်ခုချင်းစီကို အမြင်အာရုံ မသန်စွမ်းသူများပါ ပူးဝင်ခံစားနိုင်ဖို့အတွက် အသံနဲ့ဖွင့်ဆိုရှင်းပြ တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

The Present ပုံပြရုပ်ရှင်ကို ကြည့်ရှုလိုသူများအနေနဲ့ ဒီနေရာများမှာ လှုပ်ရှားမှုအသားပေး အသံသရုပ်ဖော်ဖြင့် ကြိုတင်ဝင်ရောက် လေ့လာနိုင်ပါတယ်။

Youtube: https://youtu.be/WjqiU5FgsYc

Vimeo: https://vimeo.com/152985022

🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

👉 https://www.facebook.com/MyanmarCinemAbilityNetwork/

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉https://www.clubhouse.com/club/myanmar-cinemability-network

👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

👉https://t.me/mcanetwork

📧 Gmail: [email protected]

☎️ 09261256493, 09420819597, 09941559897

#ThePresent

#PhysicalDisability

#InclusivePodcasting

#DisabilityAndCreation

#AnimationFilm

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network