ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၁)


Listen Later

ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" အကြောင်းကို ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ကနေ ရှေရှည်ဖော်ထုတ်ပေးသွားဖို့ အစပြုတဲ့အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးနဲ့အတူ ပူးတွဲတင်ဆက်မည့်သူများကတော့ ရုပ်ရှင်ဒါရိုက်တာ သမီးမြတ်ကျော်နဲ့ Filmmaker စိုင်းနော်ခမ်းတို့ပဲ ဖြစ်ပါတယ်။ ခွဲထွက်လာသော ရုပ်ရှင်ဆိုတာကတော့ ပင်မရုပ်ရှင် ရေစီးကြောင်းမှာ တင်ပြလေ့ရှိတတ်တဲ့ မသန်စွမ်း ဇာတ်ကောင်စရိုက် ပုံသဏ္ဍာန်မျိုးတွေနဲ့မတူဘဲ လက်တွေ့ဘ၀တွေနဲ့ ပိုမိုနီးစပ်ပြီး အရှိတရားနဲ့ ခံစားမှုတွေကို ဖုံးကွယ်မထားဘဲ လူသားဆန်စွာ တင်ပြလေ့ရှိတတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေပဲဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ သမီးမြတ်ကျော်ကတော့ Bollywood ရုပ်ရှင်တစ်ကားဖြစ်တဲ့ "Black" ကို ရုပ်ရှင်ဖန်တီးသူ တစ်ယောက်ရဲ့အမြင်နဲ့ရော မသန်စွမ်းသူတစ်ယောက်ရဲ့ ခံစားချက်များနဲ့ပါ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်တင်ပြပေးမှာဖြစ်သလို Filmmaker စိုင်းနော်ခမ်းကတော့ သူကိုယ်တိုင်လေးစားခဲ့ရတဲ့ မသန်စွမ်းဇာတ်ကောင်ဖြစ်တဲ့ "Forrest Gump" ရုပ်ရှင်ကားကနေ စိတ်ဓာတ်ခွန်အားတွေရခဲ့တဲ့အတွက် ထူးခြားတဲ့ဇာတ်ကောင်စရိုက်ဖြစ်ကြောင်း ရုပ်ရှင်ဖန်တီးသူတစ်ယောက်ရဲ့ အမြင်နဲ့ဆွေးနွေးသုံးသပ်ပေးမှာပဲ ဖြစ်ပါတယ်။ 

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊   မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ   ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း   သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက်  Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း  သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့   မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ   ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်   စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ်   တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့  မနွေး  - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ   ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို   အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network