ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၂)


Listen Later

ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ"  ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတဲ့  ရုပ်ရှင်ကတော့ "Come As You Are" ဖြစ်ပြီး ဒီရုပ်ရှင်ကားရဲ့  ဆိုလိုရင်းကတော့ မသန်စွမ်းသူတွေရဲ့ ဘ၀မှာ ကျန်းမာသင့်လျှော်သော  ရင်းနှီးမှုတည်ဆောက်ခြင်းနဲ့အတူ လိင်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများမှာ  တန်းတူအခွင့်အရေးရရှိနိုင်ဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြသထားပြီး  မြန်မာပြည်မှာရှိနေတဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့် မသန်စွမ်းသူတွေရဲ့  ချစ်ခြင်းမေတ္တာတည်ဆောက်မှုနဲ့ လိင်မှုရေးရာကဏ္ဍတွေအပြင်  အိမ်ယာထူထောင်မှုအရေးကိစ္စတွေမှာ အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နေစေတဲ့  အတားအဆီးများအကြောင်းကို ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုတွေနဲ့အတူ  ပါဝင်ဆွေးနွေးပေးကြဖို့ အမြင်အာရုံမသန်စွမ်းသူ မနန်းပိုင်ပိုင်၊  အကြားအာရုံမသန်စွမ်းသူ မောင်ဆုတ်ယင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ  မတင်နီလာဝင်းတို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီအပိုင်းအတွက် ဉာဏ်ရည်မသန်စွမ်း  မိဘများကို ကြိုးစားချိတ်ဆက်ခဲ့ပေမယ့်  အချိန်မှီပေးပို့နိုင်ခြင်းမရှိတဲ့အတွက် မသန်စွမ်းမှု (၃)မျိုးကိုပဲ  ကိုယ်စားပြုဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ရုပ်ရှင်တွေထဲက  ဇာတ်ကောင်များထက် ပြင်ပလူမှုပတ်ဝန်းကျင်မှာ ကျင်လည်ရှင်သန်ရင်း  ရုန်းကန်နေကြရတဲ့ မသန်စွမ်းသူ အရွယ်စုံရဲ့ဘ၀ဟာ ပိုပြီးတော့ စိတ်ဝင်စားစရာ  ကောင်းလှပါတယ် မိတ်ဆွေ။ ဒီဆွေးနွေးမှုတွေအပြီးမှာတော့ ပင်တိုင်တင်ဆက်သူက  "Come As You Are" ရုပ်ရှင်ကားကို အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။လှပါတယ် မိတ်ဆွေ။ ဒီဆွေးနွေးမှုတွေအပြီးမှာတော့ ပင်တိုင်တင်ဆက်သူက "Come As You Are" ရုပ်ရှင်ကားကို အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက  ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ  ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast  အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊    မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ    ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း    သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက်   Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့    မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ    ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်    စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ်    တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။   မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ    ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို    အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network