ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၃)


Listen Later

ဒီအပတ်မှာတော့  "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ"  ခေါင်းစဉ်အနေနဲ့  ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့  ရုပ်ရှင်ကတော့ "Me Before You" ဖြစ်ပြီး ဒီရုပ်ရှင်ကားက မသန်စွမ်းသူတစ်ယောက်ရဲ့ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ချစ်ခြင်းမေတ္တာ ခံစားသက်ဝင်မှုတို့အပြင် လူသားဆန်မှုတွေကို မီးမောင်းထိုးပြသထားကြောင်း မတင်နီလာဝင်းနဲ့အတူ အမွှမ်းတင်  မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာချဉ်းကပ်ရာမှာ အကောင်းမြင်မှုနဲ့ သုံးသပ်နိုင်သလို အဆိုးမြင်စေနိုင်တဲ့ ခွဲထွက်တင်ပြမှုတွေကိုလည်း ပရိတ်သတ်တွေအနေနဲ့ နားလည်လက်ခံပေးနိုင်ဖို့ လိုအပ်ကြောင်းကို တင်ဆက်သူများက မြန်မာနိုင်ငံရဲ့ မသန်စွမ်းမှုရှုထောင့်များနဲ့ပါ အကျယ်တဝင့် ဆွေးနွေးပေးထားကြပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက   ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ   ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast   အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊  အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို  အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊     မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ     ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း     သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့  အခက်အခဲရှိသူများအတွက်   Myanmar CinemAbility Network ရဲ့ Youtube Channel  မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး  မိတ်ဆွေတို့ရဲ့    မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊  မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ    ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့  ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်    စုံစမ်းမေးမြန်းမှုအတွက်  [email protected] သို့မဟုတ်    တင်ဆက်သူများရဲ့ Viber  နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၄၅၀၀၆၇၃၅၂  တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး  မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ    ခွဲခြားဆက်ဆံမှုကင်းတဲ့  အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို    အမြန်ဆုံးထူထောင်နိုင်ပါစေလို့  ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network