ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၄)


Listen Later

"ခွဲထွက်လာသော  ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ တင်ဆက်သူ  ဆယ်ကျော်သက်အရွယ် Down Syndrome သမီးကလေး မခွန်းနေခြည်ခင်ရဲ့မိခင်  ဒေါ်မျိုးပပက၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Touched By Grace မိသားစုဒရာမာ  ဇာတ်လမ်းရုပ်ရှင်ကို ဆွေးနွေးပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီကားက  အထက်တန်းကျောင်းတွေမှာ ဆက်ကျော်သက် ဉာဏ်ရည်မသန်စွမ်း ကျောင်းသား၊ သူတွေ  အမှန်တကယ် အနိုင်ကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်စေတဲ့  ရုပ်ရှင်ကားဖြစ်ပြီး လူတိုင်းအကျုံးဝင် ပညာရေးကဏ္ဍမှာ မသန်စွမ်းလူငယ်တွေဟာ  အများနဲ့တန်းတူ ပညာသင်ယူခွင့် ရရှိရုံနဲ့မလုံလောက်ဘဲ  အရွယ်နဲ့အမျှပြောင်းလဲလာတဲ့ စိတ်ခံစားချက်တွေကို သူတို့ရဲ့  အတန်းဖော်တွေသာမက ကျောင်းသားမိဘတွေရဲ့ ကိုယ်ချင်းစာတရား၊  ချစ်ခြင်းမေတ္တာနဲ့ လူမှုအသိုက်အဝန်းရဲ့ လက်ခံနားလည်ပေးနိုင်မှုတွေ  အထူးလိုအပ်ကြောင်း၊ အဲဒီအချက်တွေ အားနည်းသွားတဲ့အခါ မရည်ရွယ်ဘဲ  ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်းတွေအထိ ဉာဏ်ရည်မသန်စွမ်း  လူငယ်များအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ  ရရှိစေကြောင်းကို မိခင်တစ်ဦးရဲ့ ကိုယ်တွေ့တွေနဲ့အတူ သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။ မူရင်း ရုပ်ရှင်ကို ဒီနေရာမှာ Touched by Grace ဝင်ရောက်ရှုစားနိုင်ပါတယ်။

နောက်အပတ်မှာ  ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ    ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို   အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့်  ဝေမျှပေးရင်း     သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့   အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube  Channel  မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး   မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ    ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့   ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက်   [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber   နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၄၅၀၀၆၇၃၅၂   တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး   မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ    ခွဲခြားဆက်ဆံမှုကင်းတဲ့   အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို    အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။


...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network