Sign up to save your podcasts
Or

"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Inseparable Bros ဒရာမာဇာတ်မြူး ဇာတ်လမ်းရုပ်ရှင်ကို အသက် ၂၄နှစ်အရွယ် အော်တစ်ဇင် ရေကူးအားကစားသမားလေး မောင်မြတ်မင်းသူရဲ့မိခင် ဒေါ်ဇင်မျိုးသန်းက ဆွေးနွေးပေးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆယ်ကျော်သက်အရွယ် ရေကူးကျွမ်းကျင်သူ Dong-Goo ဟာ Autism ဖြစ်တဲ့အတွက် ငယ်စဉ်က မိခင်ဖြစ်သူရဲ့ ရေကူးကန်မှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် မိဘမဲ့ဂေဟာမှာ ညီအစ်ကိုလို စောင့်ရှောက်ပေးတဲ့ ဘီးတပ်ကုလားထိုင်သုံးသူ Se-Ha နဲ့တွေ့ဆုံရာက အပြန်အလှန် ဖေးမကူညီရင်း တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုရင်းနဲ့မခြား ချစ်ခင်ကြပြီး Se-Haရဲ့ကြိုးပမ်းမှုနဲ့ Dong-Goo ဟာ ရေကူးပြိုင်ပွဲဝင်ဖို့ အခွင့်အလမ်းတွေ ရလာပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲရောက်တိုင်း Dong-Goo ရဲ့ ၅ နှစ်သားအရွယ် အသိဉာဏ်ထဲမှာ အတိတ်က အိပ်မက်ဆိုးတွေက ဘယ်လို ခြောက်လှန့်နေသလဲဆိုတာ အစ်မ ဒေါ်ဇင်မျိုးသန်းက မိခင်တစ်ဦးရဲ့ ကိုယ်တွေ့တွေနဲ့အတူ သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။
မူရင်း ရုပ်ရှင် Unseparable Bros ကို ဒီနေရာမှာ 👉 https://channelmyanmar.org/inseparable-bros2019/ ရှုစားနိုင်ပါတယ်။
ရုပ်ရှင်ပူးတွဲတင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/v5igL1LfBzPDMXvW6 လျှောက်ထားနိုင်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။
Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show အဖြစ် သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
By MCA Network"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Inseparable Bros ဒရာမာဇာတ်မြူး ဇာတ်လမ်းရုပ်ရှင်ကို အသက် ၂၄နှစ်အရွယ် အော်တစ်ဇင် ရေကူးအားကစားသမားလေး မောင်မြတ်မင်းသူရဲ့မိခင် ဒေါ်ဇင်မျိုးသန်းက ဆွေးနွေးပေးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆယ်ကျော်သက်အရွယ် ရေကူးကျွမ်းကျင်သူ Dong-Goo ဟာ Autism ဖြစ်တဲ့အတွက် ငယ်စဉ်က မိခင်ဖြစ်သူရဲ့ ရေကူးကန်မှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် မိဘမဲ့ဂေဟာမှာ ညီအစ်ကိုလို စောင့်ရှောက်ပေးတဲ့ ဘီးတပ်ကုလားထိုင်သုံးသူ Se-Ha နဲ့တွေ့ဆုံရာက အပြန်အလှန် ဖေးမကူညီရင်း တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုရင်းနဲ့မခြား ချစ်ခင်ကြပြီး Se-Haရဲ့ကြိုးပမ်းမှုနဲ့ Dong-Goo ဟာ ရေကူးပြိုင်ပွဲဝင်ဖို့ အခွင့်အလမ်းတွေ ရလာပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲရောက်တိုင်း Dong-Goo ရဲ့ ၅ နှစ်သားအရွယ် အသိဉာဏ်ထဲမှာ အတိတ်က အိပ်မက်ဆိုးတွေက ဘယ်လို ခြောက်လှန့်နေသလဲဆိုတာ အစ်မ ဒေါ်ဇင်မျိုးသန်းက မိခင်တစ်ဦးရဲ့ ကိုယ်တွေ့တွေနဲ့အတူ သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။