ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၆)


Listen Later

ဒီအပတ်  ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ ခေါင်းစဉ်အောက်မှာ  ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့ ၂၀၁၉  ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ ဘောလိ၀ုဒ်ရုပ်ရှင် "One Little Finger" ကို လာမယ့်  မတ်လ ၂၆ ရက်နေ့ည စနေနေ့ည ၇ နာရီမှာ မသဇင်သီရိခေတ်က တွဲဖက်ဆွေးနွေး  တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ မသဇင်သီရိခတ်ဟာ ကိုယ်တိုင်လည်း  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဂီတပညာကို  စောင်းပညာအထူးပြုနဲ့ လေ့လာဆည်းပူးနေသူဖြစ်သလို ဂီတကုထုံးပညာရှင်  တစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေနဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဒါတင်မက  ပရိတ်သတ်ရဲ့ အသိအမှတ်ပြုခံရတဲ့ တေးရေး/တေးဆို အနုပညာရှင်တစ်ဦး ဆိုရင်လည်း  မမှားပါဘူး။ သူမတင်ဆက်ပေးမယ့် ဒီရုပ်ရှင်ထဲမှာတော့ အမေရိကန်နိုင်ငံသူ  ဦးနှောက် နှင့် အာရုံကြောဆရာ၀န် ဒေါက်တာ ရေနာ က ဂီတကုထုံး နှင့်  ပတ်သတ်တဲ့ထိရောက်မှုတွေကို သုတေသနပြုဖို့ အိန္ဒိယနိုင်ငံက မသန်စွမ်း  ကျောင်းတစ်ကျောင်းကို ရောက်လာရာကနေ ဇာတ်လမ်းကို စဖွင့်ထားပါတယ်။ ဒီထဲမှာ  ဘီးတပ်ကုလားထိုင် အသုံးပြုသူ ဒန်ဆိုတဲ့ ကျောင်းသားလေးနဲ့ မွေးရာပါ  အကြားအာရုံ မသန်စွမ်းသူ အိန်ဂျယ်ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ ဘ၀ဖြတ်သန်းမှု  အသီးသီးကိုလည်း တစ်ပြိုင်နက် ခံစားရမှာဖြစ်ပြီး ဒေါက်တာရေနာရဲ့ သုတေသနက  အောင်မြင်နိုင်ပါ့မလား၊ ပြီးတော့ ဂီတကုထုံးဟာ မသန်စွမ်းသူတွေရဲ့  စိတ်ခံစားမှုနဲ့ စွမ်းဆောင်နိုင်ရည်တွေကို ဘယ်လောက် အကျိုးပြုသလဲဆိုတာကို  ညီမငယ် သဇင်သီရိခေတ်က ရုပ်ရှင် ဇာတ်ဝင်ခန်းများနဲ့အတူ  ရင်ခုန်စိတ်လှုပ်ရှားစွာ သုံးသပ်တင်ပြပေးမှာပဲ ဖြစ်ပါတယ်။  မိတ်ဆွေတို့အနေနဲ့ မူရင်းရုပ်ရှင်ကို ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။  

https://channelmyanmar.org/one-little-finger-2019/
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
https://myanmarcinemabilitynetwork.wordpress.com/
https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
https://t.me/mcanetwork
09261256493, 09941559897

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network