
Sign up to save your podcasts
Or


ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ 37 Seconds ရုပ်ရှင်ကားဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ မတင်နီလာဝင်းနဲ့အတူ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က အားဖြည့်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက ဇာတ်ကောင်ဖြစ်သူ အမျိုးသမီးငယ်လေးဟာ မွေးပြီးပြီးချင်း ၃၇ စက္ကန့်အတွင်းမှာ အသက်မရှုခဲ့တဲ့အတွက် Cerebral Palsy လို့ခေါ်တဲ့ သူငယ်နာအကြောတင်း မသန်စွမ်းသူဘ၀ကို ရောက်ရှိခဲ့ပြီး အိမ်ထောင်ကွဲမိသားစုမှာ အမေဖြစ်သူနဲ့ ကြီးပြင်းလာရသူလေးပါ။ ပန်းချီဆွဲခြင်းမှာ အထူးတော်ပေမယ့် သူမရဲ့ မသန်စွမ်းမှုကြောင့် အသိအမှတ်ပြုမခံခဲ့ရပါဘူး။ တစ်နေ့တော့ ကိုယ့်ထူးကိုယ်ချွန် ရပ်တည်ဖို့ လူကြီးကာတွန်းတွေဆွဲတဲ့ နေရာတစ်ခုမှာ အလုပ်လျှောက်ရာကနေ သူမဘ၀ရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံသစ်တွေဆီကို ခြေဆန့်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားထဲမှာ သူစိမ်းအမျိုးသား တစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ပြောလိုက်တဲ့ "ငါတို့ကလည်း တခြားလူတွေလိုပါပဲ" ဆိုတာရယ်၊ မိခင်တစ်ယောက်ရဲ့ နိစ္စဓူ၀ ကလေးတစ်ယောက်လို အစိုးရိမ်လွန်ပြီး စောင့်ရှောက်မှုကို မခံချင်တော့တဲ့အဆုံး ရေချိုးခန်းထဲမှာ ပြောထွက်လာတဲ့ "ကလေးတစ်ယောက်လို မဆက်ဆံပါနဲ့" ဆိုတဲ့ စကား နှစ်ခွန်းက ကျွန်မတို့ရင်ကို ထိခတ်လှုပ်ရှားစေပါတယ်။ နောက်ပြီး ဒီရုပ်ရှင်ကို ဖန်တီးခဲ့သူ ဒါရိုက်တာ ဟီကာရီအနေနဲ့ ဘယ်လောက်အထိ အခက်အခဲတွေကြားက ကြိုးစားအကောင်အထည်ဖော်ခဲ့ရသလဲ၊ ဘယ်လိုရည်ရွယ်ပြီး ဒီဇာတ်ကောင်ကို တင်ဆက်ထားတာလဲဆိုတာကိုပါ မိတ်ဆွေတို့ကို ပြောပြပေးဦးမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။ 📲မူရင်းရုပ်ရှင်ကို လေ့လာကြည့်ရှုလိုသူများ MCA Network ရဲ့ Telegram Channel မှာ ▶️ တင်ပေးထားပြီး ဖြစ်ပါတယ်။ 👇 ရုပ်ရှင်ပူးတွဲတင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
By MCA Networkခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ 37 Seconds ရုပ်ရှင်ကားဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ မတင်နီလာဝင်းနဲ့အတူ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က အားဖြည့်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက ဇာတ်ကောင်ဖြစ်သူ အမျိုးသမီးငယ်လေးဟာ မွေးပြီးပြီးချင်း ၃၇ စက္ကန့်အတွင်းမှာ အသက်မရှုခဲ့တဲ့အတွက် Cerebral Palsy လို့ခေါ်တဲ့ သူငယ်နာအကြောတင်း မသန်စွမ်းသူဘ၀ကို ရောက်ရှိခဲ့ပြီး အိမ်ထောင်ကွဲမိသားစုမှာ အမေဖြစ်သူနဲ့ ကြီးပြင်းလာရသူလေးပါ။ ပန်းချီဆွဲခြင်းမှာ အထူးတော်ပေမယ့် သူမရဲ့ မသန်စွမ်းမှုကြောင့် အသိအမှတ်ပြုမခံခဲ့ရပါဘူး။ တစ်နေ့တော့ ကိုယ့်ထူးကိုယ်ချွန် ရပ်တည်ဖို့ လူကြီးကာတွန်းတွေဆွဲတဲ့ နေရာတစ်ခုမှာ အလုပ်လျှောက်ရာကနေ သူမဘ၀ရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံသစ်တွေဆီကို ခြေဆန့်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားထဲမှာ သူစိမ်းအမျိုးသား တစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ပြောလိုက်တဲ့ "ငါတို့ကလည်း တခြားလူတွေလိုပါပဲ" ဆိုတာရယ်၊ မိခင်တစ်ယောက်ရဲ့ နိစ္စဓူ၀ ကလေးတစ်ယောက်လို အစိုးရိမ်လွန်ပြီး စောင့်ရှောက်မှုကို မခံချင်တော့တဲ့အဆုံး ရေချိုးခန်းထဲမှာ ပြောထွက်လာတဲ့ "ကလေးတစ်ယောက်လို မဆက်ဆံပါနဲ့" ဆိုတဲ့ စကား နှစ်ခွန်းက ကျွန်မတို့ရင်ကို ထိခတ်လှုပ်ရှားစေပါတယ်။ နောက်ပြီး ဒီရုပ်ရှင်ကို ဖန်တီးခဲ့သူ ဒါရိုက်တာ ဟီကာရီအနေနဲ့ ဘယ်လောက်အထိ အခက်အခဲတွေကြားက ကြိုးစားအကောင်အထည်ဖော်ခဲ့ရသလဲ၊ ဘယ်လိုရည်ရွယ်ပြီး ဒီဇာတ်ကောင်ကို တင်ဆက်ထားတာလဲဆိုတာကိုပါ မိတ်ဆွေတို့ကို ပြောပြပေးဦးမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။ 📲မူရင်းရုပ်ရှင်ကို လေ့လာကြည့်ရှုလိုသူများ MCA Network ရဲ့ Telegram Channel မှာ ▶️ တင်ပေးထားပြီး ဖြစ်ပါတယ်။ 👇 ရုပ်ရှင်ပူးတွဲတင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork