(ကမ္ဘာကဗျာနေ့ အမှတ်တရ)
ချစ််ခြင်းရဲ့တည်ငြိမ်အမှတ်
--------------------------------------
နဖူးကိုပဲနမ်းနမ်း
ပါးကိုပဲနမ်းနမ်း
ခြေဖမိုးလေးကိုပဲနမ်းနမ်း
ချစ်ခြင်းတွေပွင့်အန် ချစ်ခြင်းကိုဖွင့်ဟတဲ့အပြုအမူပါပဲပေါ့
ချစ်ခြင်းရဲ့အထွတ်အထိပ်ဒီဂရီဟာ အတိုင်းအတာပြရဲ့ဘယ်အရစ်လဲ
ချစ်ခြင်းရဲ့တည်ငြိမ်အမှတ်ဟာ ဘယ်အမှတ်လဲ
လူ့သမိုင်းဟာ မရပ်မနားပေမဲ့
တည်ငြိမ်မှုဆီဦးတည်နေတတ်စမြဲပဲမဟုတ်လား
အနည်ကတော့ ထသွားခဲ့ပြီလေ
စလိုဂန်လား ဘန်နာလား
သံပုံးလား
တိတ်ဆိတ်မှုလား မိုလိုတော့ပ်လား
တူမီးလား
နာနတ်သီးလား ရော့ကက်လား
တည်ငြိမ်မှတ်ဟာ စောင့်နေရဲ့
ချစ်သွေးဒိတ်ဒိတ် ချစ်ဖျားငွေ့ငွေ့
မလျော့မမေ့ စစ်ဆီဝေ့
တိုင်းပြည်ကလည်း ရွေ့နေရဲ့
ငုအိမ်ထက်မြက်
၆ မတ် ၂၀၂၂