ချီးမြှောက်ကိုးကွယ်မည်
တေးရေး - မန်းထွန်းမြ
တေးဆို - ဖိုးထောင်၊ မိုင်နန္ဒာအောင်
VERSE
မှောင်မိုက်မှ အံ့ဘွယ်အလင်းတော်ထဲသို့
ခေါ်သွင်းတော်မူသော သူ့ ဂုဏ်ကျေးဇူး
(အပြစ်ငရဲမှ ရွေးနှုတ်ခဲ့သူ
ကယ်တင်ရှင်ယေရှု ဂုဏ်ကျေးဇူး)
CHORUS
ချီးမွမ်း ဝတ်ပြုမည် ဘုန်းကြီးသောအရှင်
ချီးမြှောက်ကိုးကွယ်မည် ဘုန်းကြီးဘုရင်
ကျွန်ုပ်၏ အားကိုးရာ ကျွန်ုပ်၏ ကိုးစားရာ
ကျွနု်ပ်၏ စည်းစိမ်ဟာ ယေရှုခရစ်တော်သာ