AskAlex

KPI ကို ဘယ်လိုသတ်မှတ်ရမလဲ?


Listen Later

Q: မင်္ဂလာပါ ကို Alex ရှင့်။ Facebook Marketing အတွက် KPI သတ်မှတ်တာလေးရှင်းပြပေးလို့ရမလားရှင့်?
A: ကျွန်တော်ကတော့ KPI ကို ၃လ၊ ၆လ၊ ၉လ data တွေကိုကြည့်တာထက် Business objective ကိုစကြည့်တယ်။ ဒီနှစ်မှာ Market Expansion မလုပ်တော့ဘဲနဲ့ Sales Retention တက်ချင်တာလား။ ဒါမှမဟုတ် Market Expansion လုပ်ချင်တာာလား ဆိုတဲ့အပေါ်မူတည်ပြီးတော့ Marketing KPI တစ်ခုကိုသတ်မှတ်တယ်။ ဆိုတော့ Sales Retention ဆိုရင်လည်း အရင်တုန်းက data တွေအရ existing customer retention rate ကို တစ်နှစ်စာလောက်ပြန်ကြည့်တယ်။ ပြီးရင် new customer acquisition rate ကဘယ်လောက်ရထားလဲဆိုတာကိုကြည့်တယ်။ အဲ့ data တွေကိုပြပြီးရင် ဘာလုပ်လဲဆိုတော့ ဘယ် platform ကို ဘာအတွက်သုံးမလဲဆိုတာကို စဉ်းစားတယ်။ ဘာလို့ဆို အခုက Facebook တစ်ခုတည်းမဟုတ်တော့ဘဲ တခြား platform တွေပါလူတွေကသုံးလာကြတာကိုး။ အဲ့တော့ Facebook ကို ဘယ်လိုနေရာမျိုးအတွက်သုံ းမှာလည်းဆိုတာကိုစဉ်းစားကြတယ်။ ဥပမာ - customer acquisition အတွက် Facebook ကိုသုံးမယ်ဆိုရင် လွန်ခဲ့တဲ့ ၃လ၊ ၆လ data တွေကိုပြန်ကြည့်ပြီး customer acquisition သည် ပိုက်ဆံဘယ်လောက်သုံးရင် engagement, reach, message ဘယ်လောက်ရသွားနိုင်လဲဆိုတာမျိုးပေါ့။ ပုံဆွဲပြီးတော့လည်း ပြထားပါတယ်။ ဆိုတော့ Awareness, Interest, Decide, Advocate ဆိုပြီးရှိမယ်။ လွန်ခဲ့တဲ့ သုံးလ၊ ခြောက်လ လောက်က data မှာ reach 1 သန်းရှိပြီး လူအယောက် 5 သိန်းကပဲ engagement လုပ်သွားပြီးတော့ message ပို့တာသည် လူအယောက် 2 သောင်းခွဲပဲရှိမယ်ဆိုရင် ဒါက engage လုပ်သွားတဲ့သူတွေကနေ 95% ကျသွားတာပေါ့။ အောက်ဆုံးကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဘယ်နယောက်ဝယ်သွားတယ်ဆိုလို့ရှိရင် ဘယ်နှစ်ယောက်ပြန်လာဝယ်တယ်ဆိုတဲ့ retention ပေါ့။ ကျွန်တော်ဆွဲထားတဲ့ chart ကနေကြည့်ပြီးဘာကိုသိရမလဲဆိုတော့ ‌awareness ကနေ interest ကိုသွားတဲ့အချိန်မှာ အဲ့လောက်အထိမကျဘဲ interest ကနေမှ တကယ်လာဝယ်တဲ့သူက 20k ပဲရှိတာဆိုတော့ 95% drop ဖြစ်သွားတာ။ အဲ့အချိန်မှာ ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ engage ကနေပြီးတော့ message ပိုများအောင် KPI သတ်မှတ်ပေးရတယ်။ အဲ့တော့ ခုနကဆွဲပြသွားတာက consumer journey ပါ။ လွန်ခဲ့တဲ့ 3လ၊ 6လ၊ 9လ လောက်က consumer journey ကိုပြန်ကြည့်ပြီးတော လိုနေတာကိုဖြည့်ပါတယ်။ ဖြည့်ရမယ့်ဟာကို KPI သတ်မှတ်ပြီးတော့မှ အဲ့တာကိုဆွဲတင်ပါတယ်။ အဲ့တော့မှ ခုနက 95% drop rate ရှိနေတာကို 70% ဘဲရှိအောင် 25% တက်လာအောင် ဘာလုပ်ကြမှာလဲဆိုတာကို စဉ်းစားပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က conversion ဖြစ်ဖို့ message များများဝင်လာဖို့ ဖြစ်တယ်။ ခုနက ကျွန်တော်ပြောခဲ့တဲ့ awareness က market total place ရဲ့ 50% ရှိတယ်ထား reach တွေ engagement တွေများဖို့ဆိုတာထက် message ဝင်တာနည်းနေတဲ့အတွက် သိပြီးသား customer တွေကို ဝယ်အောင်ဆိုပြီး conversion campaign တွေလည်း run ပေးဖူးပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီပုံစံမျိုးနဲ့ KPI ကိုသတ်မှတ်တာပါ။
...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine