eaineain

ကုန်လွန်ခဲ့သောအနာဂတ်နေ့များ၊ အောင်ခင်မြင့်


Listen Later

ဗန်ဒက်တာမျက်နှာဖုံးနဲ့နွေဦးဟာ
မုန်းရစ်လေဦးကို ဆွေးဆွေးမြည့်မြည့်ဆိုလို့
ဝန်ချီစက်ကြီးရဲ့အရိပ်အောက်မှာ
ဦးထုပ်နဲ့ယပ်ခတ်နေကြတဲ့ မှတ်ဥာဏ်များ
သက်စေ့လွှတ်လိုက်တဲ့စာကလေးတွေ
လှောင်အိမ်ထဲပြန်ဖို့ဘတ်စ်ကားစောင့်နေ
အရင်ကတော့ မင်းမဲ့ဝါဒီတွေပါပဲ
ခုတော့ KFC မှာသန့်ရှင်းရေးဝန်ထမ်းတွေတဲ့
ညဆိုင်းဆင်းဖို့ရောက်လာကြတယ်
ဘယ်တော့မှ ညမအိပ်တဲ့ အိမ်ယာမဲ့စိတ်တွေ
ပင်လယ်ကိုဘယ်လိုသွားရလဲသိလား
စက်လှေကားနှစ်စင်းအချင်းချင်း မေးနေတာ
နေထိုင်ရန်မသင့် ဆိုတဲ့တိုက်အိုထဲမှာ
တစ်စုံတစ်ယောက် ဒူးထောက်ဝတ်ပြုနေတယ်
ငါတို့မျိုသိပ်ခဲ့တဲ့စကားလုံးတွေကနေ
အနာဂတ်ကိုစားမယ့်သိမ်းဌက်တွေပေါက်လာမှာ
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain