ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

Let's find out AWD! အပိုင်း (၁)


Listen Later

“Let’s find out AWD”

AWD ဆိုတာက….❓❓❓

ညီမက အနုပညာကို ဝါသနာပါတဲ့သူ၊ အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုချင်တဲ့သူ၊ ပြီးတော့ မသန်စွမ်းသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီတော့ ညီမရဲ့ ပထမဦးဆုံး podcast အစီအစဉ်လေးကို ဒီလိုမျိုးလေး ဖန်တီးပုံဖော်ဖြစ်ခဲ့ပါတယ်ရှင့် … ဘယ်လိုမျိုးပါလိမ့်⁉️

ညီမနဲ့ ဝါသနာတူ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေကို ပင်တိုင်တင်ဆက်သူ အဖြစ်နဲ့ ညီမရဲ့ “Let’s find out AWD” ဆိုတဲ့ podcast အစီအစဉ်လေးမှာ ဖိတ်ခေါ်ပြီးတော့ မေးခွန်းလေးတွေ မေးထားပါတယ်။ ဆိုတော့ …. ညီမ ဘယ်လို မေးမြန်းထားမလဲ ဆိုတာကို စောင့်မျှော် အားပေးကြပါဦးနော် … 😚

ပထမဆုံး episode လေးမှာဖိတ်ခေါ်ထားတဲ့ ညီမကိုယ်တိုင် နှစ်သက်အားကျရတဲ့ မသန်စွမ်း အနုပညာရှင်က ….. 🤔

နားဆင်မယ့် ပရိသတ်တွေထဲက တစ်ချိုလည်း သိပြီးသားသူ ဖြစ်နိုင်ပါတယ် ….🤩

“Let’s find out AWD” Go! Go! Go!

မိတ်ဆွေတို့ရေ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ညီမငယ် သဇင်သီရိခေတ်က သူမရဲ့ ပထမဦးဆုံး ပွဲဦးထွက် တင်ဆက်မှုအဖြစ် မသန်စွမ်းအနုပညာရှင် Elijah (ဧလိယ)ကို ဖော်ထုတ် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။  အနုပညာအပေါ် မသန်စွမ်း လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှု၊ တန်ဖိုးထားမှု၊ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဘယ်လို ခရီးဆက်နေသလဲဆိုတာ Elijah ရဲ့  လက်စွမ်းပြ ဂီတသံနဲ့အတူ ခံစားရမှာဖြစ်ပါတယ်။ ဒီအပတ် တက်သစ်စ လူငယ် အစီအစဉ်ကို အမြင်အာရုံ မသန်စွမ်းသူ အယ်ဒီတာ သွန်းနေစိုးက ပင်တိုင်တင်ဆက်သူ သဇင်သီရိခေတ်နဲ့အတူ လူငယ်ဆန်ဆန် အပေးအယူမျှမျှ တည်းဖြတ် လက်စွမ်းပြထားတာဖြစ်လို့ မလွတ်တမ်း နားဆင်ခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://www.facebook.com/MyanmarCinemAbilityNetwork/

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉 https://t.me/mcanetwork

☎️ 09941559897, 09261256493

#LetsFindOutAWD

#inclusivepodcasting

#disabilityandcreation

#artistwithdisability

#podcasterwithdisability

#soundeditorwithdisability

#singerwithdisability

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network