AskAlex

Level Up Marketing မှာ Internship ထပ်ခေါ်ဖို့ရှိသေးလား..?


Listen Later

Q:    level up marketing မှာ internship တွေကို online ကနေဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ထပ်‌ခေါ်ဖို့ရှိသေးလားရှင့်။ ညီမကနယ်ဘက် ကပေမဲ့ ခေါ်ရင် try ချင်လို့ပါ။ အခုတော့ SFU မှာ marketing diploma တက်နေပါတယ်။ အချိန်ရရင် မေးခွန်းလေးကို ဖြေပေးပါဦးနော်။ 

A:   ကျွန်တော်တို့ဆီမှာ internship တွေကို online ကဖြစ်ဖြစ်၊ အပြင်က ဖြစ်ဖြစ်ခေါ်ဖို့ရှိလားဆိုတော့ ခေါ်ဖို့ရှိပါတယ်။ အခု project luminous အနေနဲ့ batch-1 ကိုစခေါ်ထားတာ ရှိတယ်။ ညီ ၂ ယောက်နဲ့ ညီမ ၂ ယောက်ဆိုတော့ ကျွန်တော်တို့လေးလလာပြီးတော့ internship ဆင်းရ တယ်။ သူတို့ကို agency လုပ်သမျှအကုန်လုံးကို training ပေးတယ်။ department ပြောင်းဆင်းရတာ ပေါ့လေ။ creative team တစ်ခုတည်းမဟုတ်ဘဲ creative ရော၊ account ရော၊ နောက်ဆုံး finance အစပေါ့။ ကျွန်တော်တို့ဆီက product luminous က intern ဆင်းနေတဲ့ ညီမတစ်ယောက်ဆိုရင် finance မှာဆင်းနေတယ်ပေါ့နော်။ ဆိုတော့ဒါမျိုးပုံစံမျိုးလေးတွေ ကျွန်တော်တို့ဘက်ကနေ စီစဉ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ ညီတွေ၊ ညီမတွေအနေနဲလည်း agency တစ်ခုဘယ်လိုအလုပ်လုပ်လဲဆိုတာကို နည်းနည်းလေးသိသွားအောင်ပေါ့လေ။ ဆိုတော့ခေါ်ဖို့ရှိလားဆိုတော့ ရှိတယ်။ ကျွန်တော်တို့က ဇန်နဝါရီ ကနေဧပြီအထိ လေးလစာလုပ်ထားဖြစ်တဲ့အလျောက်တော့ မတ်လမှာ second batch internship ကို ပြန်ခေါ်ပါမယ်။ ဘယ်အချိန်ကနေစတက်ရမလဲဆိုတော့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်ပေါ့နော်။ ၇ လပိုင်းအထိ တက်ရပါမယ်။ ဘယ်လိုမျိုးရွေးလဲဆိုတော့ အဓိကအသက်ပါ။ internship ဖြစ်တဲ့အလျောက်က‌တော့ ကျွန်တော်တို့ရွေးတာသည် အသက်နှစ်ဆယ့်နှစ်နှစ်အောက်ကို ရွေးပေးပါတယ်။ ၁၆ ကနေ ၂၂။ ဆယ်တန်း ပြီးပေါ့နော်။ ကိုယ့်ကိုကိုယ်ထိန်းနိုင်အောင်ပေါ့နော်။ လက်မှတ်တွေဘာတွေ သိပ်မကြည့်ပါဘူး။ အဲ့ ၇ နှစ်အတွင်းက ညီတွေ၊ ညီမတွေဆိုရင် ဦးစား‌ပေးပါတယ်။ နယ်ဘက်ကလာတဲ့လူဆိုရင် ဦးစားပေးခေါ်ပေး ပါတယ်။ ကျွန်တော်တို့ဆီကညီမတစ်ယောက်ဆိုရင် မန္တလေးကနေ ရန်ကုန်ပြောင်းလာပြီးတော့ internship ဆင်းနေတဲ့တစ်ယောက်ရှိပါတယ်။ internship ကလည်း ကျွန်တော်တို့တစ်ဖွဲ့တည်း ခေါ်တာ တော့မဟုတ်ပါဘူး။ တခြားသော marketing agency တွေကလည်း internship ခေါ်နေတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့အဖွဲ့ကိုစောင့်နေမဲ့အစား တချို့ညီတွေ၊ ညီမတွေကျတော့ လည်းတကယ် run ချင်တဲ့လူတွေရှိတာကိုး။ အဲ့တာကြောင့် တခြားသော agency တွေမှာလည်း internship ဆင်းလို့ရပါတယ်။ ဒါပေမဲ့ ဆင်းခါနီးကျရင်တော့ ခုနကပြောတဲ့ ဘယ်လိုမျိုးနေရာမျိုးတွေကို စိတ်ဝင်စားတယ်ပေါ့နော်၊ marketing strategy ကိုစိတ်ဝင်စားတယ်၊ out of marketing campaign တွေ ကိုစိတ်ဝင်စားတယ်၊ KOL ကိုစိတ်ဝင်စားတယ်ဆိုတဲ့ဟာလေးတွေ ပြောသင့်တယ်။ အဲ့တာထဲကမှ သူတို့ရဲ့ internship program ထဲက agenda မှာရော ဒါတွေပါလားဆိုတာမေးပြီးတော့ လျှောက်မယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းမယ်လို့မြင်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine