Sign up to save your podcasts
Or

လမ်းပေါ်က သီချင်းသည် နောက်ဆုံးပိုင်း အနှစ်ချုပ်မှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က မသန်စွမ်းသီချင်းသည်များနဲ့ အများပြည်သူတို့ရဲ့ နှစ်ဖက်ရှုထောင့်၊ နှစ်ဖက်အမြင်များနဲ့သုံးသပ်ပြီး အသေးစိတ်အကြံပြုချက်များ ဆွေးနွေးပေးထားတဲ့အပြင် ဗဟုသုတရဖွယ် ကျောထောက်နောက်ခံ ဇာတ်လမ်းများကိုပါ မိတ်ဆက်ပေးထားပါတယ်။ ယခုခေါင်းစဉ်နှင့် တင်ဆက်မှုအလုံးစုံသည် အပြုသဘောဆောင်ပြီး မသန်စွမ်း သီချင်းသည်များ၏ မဝေးတော့သော အနာဂတ်အတွက် ကဏ္ဍပေါင်းစုံကနေ ပြည်သူလူထု၊ မသန်စွမ်းသူများ ကိုယ်တိုင်နဲ့ အသင်းအဖွဲ့ပေါင်းစုံတို့က အတူလက်တွဲ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အလားအလာရှိသော အထောက်အပံ့ကောင်းများနှင့် အပြန်အလှန်အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ကြိုးစားတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ အပိုင်း (၄)အထိဖြစ်မြောက်အောင် ပါဝင်တင်ဆက်ခဲ့ကြသည့် ပူးတွဲတင်ဆက်သူ အယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောရင်း ဒီ လမ်းပေါ်က သီချင်းသည် ခေါင်းစဉ်နှင့် ဆွေးနွေးချက်များသည် မည်သူ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၏ အာဘော်ကိုမျှမဆောင်ဘဲ မသန်စွမ်းအသိုက်အဝန်းတွင် နောက်ပြန်မဆွဲသော အတွေးအခေါ်များနှင့် မတူကွဲပြားသော အမြင်များကို တန်ဖိုးထားတတ်စေရန် ဖော်ထုတ်ပြုစုပျိုးထောင်ခြင်းသာ ဖြစ်ပါသည်။ နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network က ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြတဲ့သူ၊ အကြံဉာဏ်များပေးကြသူ၊ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
By MCA Networkလမ်းပေါ်က သီချင်းသည် နောက်ဆုံးပိုင်း အနှစ်ချုပ်မှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က မသန်စွမ်းသီချင်းသည်များနဲ့ အများပြည်သူတို့ရဲ့ နှစ်ဖက်ရှုထောင့်၊ နှစ်ဖက်အမြင်များနဲ့သုံးသပ်ပြီး အသေးစိတ်အကြံပြုချက်များ ဆွေးနွေးပေးထားတဲ့အပြင် ဗဟုသုတရဖွယ် ကျောထောက်နောက်ခံ ဇာတ်လမ်းများကိုပါ မိတ်ဆက်ပေးထားပါတယ်။ ယခုခေါင်းစဉ်နှင့် တင်ဆက်မှုအလုံးစုံသည် အပြုသဘောဆောင်ပြီး မသန်စွမ်း သီချင်းသည်များ၏ မဝေးတော့သော အနာဂတ်အတွက် ကဏ္ဍပေါင်းစုံကနေ ပြည်သူလူထု၊ မသန်စွမ်းသူများ ကိုယ်တိုင်နဲ့ အသင်းအဖွဲ့ပေါင်းစုံတို့က အတူလက်တွဲ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အလားအလာရှိသော အထောက်အပံ့ကောင်းများနှင့် အပြန်အလှန်အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ကြိုးစားတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ အပိုင်း (၄)အထိဖြစ်မြောက်အောင် ပါဝင်တင်ဆက်ခဲ့ကြသည့် ပူးတွဲတင်ဆက်သူ အယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောရင်း ဒီ လမ်းပေါ်က သီချင်းသည် ခေါင်းစဉ်နှင့် ဆွေးနွေးချက်များသည် မည်သူ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၏ အာဘော်ကိုမျှမဆောင်ဘဲ မသန်စွမ်းအသိုက်အဝန်းတွင် နောက်ပြန်မဆွဲသော အတွေးအခေါ်များနှင့် မတူကွဲပြားသော အမြင်များကို တန်ဖိုးထားတတ်စေရန် ဖော်ထုတ်ပြုစုပျိုးထောင်ခြင်းသာ ဖြစ်ပါသည်။ နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network က ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြတဲ့သူ၊ အကြံဉာဏ်များပေးကြသူ၊ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။