ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

လမ်းပေါ်က သီချင်းသည် အပိုင်း(၁)


Listen Later

လမ်းပေါ်က သီချင်းသည်ဆိုတာ မိမိတို့ဂီတပညာနဲ့ လမ်းပေါ်မှာ အသက်မွေးဝမ်းကြောင်းပြုနေသူများကို ဆိုလိုပါတယ်။ မိတ်ဆွေတို့အနေနဲ့ လမ်းပေါ်က သီချင်းသည်များနဲ့ ပတ်သက်ပြီး မြင်ဖူး၊ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက သီချင်းသည်များကို လူတွေ့မေးမြန်းထားပါတယ်။ သူတို့တွေ ဘာကြောင့် လမ်းပေါ်ကို ရောက်လာရသလဲဆိုတော့ အခုလိုခက်ခဲကြပ်တည်းတဲ့ ကာလမှာ စားဝတ်နေရေးအတွက် ကိုယ်တတ်သိနားလည်တဲ့ အဆိုပညာ၊ ဂီတပညာများနဲ့ ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ တင်ဆက်သူက ဒီလို သီချင်းသည် အမျိုးမျိုးကို ကြုံခဲ့ဖူးကြတဲ့ အလွှာပေါင်းစုံမှ ပြည်သူများရဲ့ အသံများကိုလည်း တစ်ပါတည်း ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် မသန်စွမ်းအသိုက်အဝန်းက မိသားစုဝင် တစ်ဦးရဲ့ ရင်ဖွင့်သံများနဲ့ ဒီခေါင်းစဉ်နဲ့လိုက်ဖက်တဲ့ ဂန္တဝင်ရုပ်ရှင်တစ်ကား အကြောင်းကိုပါ ရုပ်ရှင်ပညာရှင်တစ်ဦးက ချိတ်ဆက်ဆွေးနွေးပေးထားပါသေးတယ်။ လာမယ့် အပိုင်းများမှာတော့ မသန်စွမ်းအသိုက်အဝန်းက ဂီတနယ်ပယ်ရှိ လူငယ်များနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ရှုမြင်သုံးသပ်ပုံတွေရယ် အဆိုတော် ချယ်ရီသင်းရဲ့ ကိုယ်တွေ့ဝေမျှမှုတွေကိုလည်း ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊  မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ  ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်  စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ်  တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး  - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ  ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင်လူ့အဖွဲ့အစည်းတစ်ခုကို  အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network