ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

လမ်းပေါ်က သီချင်းသည် အပိုင်း(၂)


Listen Later

လမ်းပေါ်က သီချင်းသည် အပိုင်း (၂)မှာတော့ မသန်စွမ်းအသိုက်အဝန်းက အနုပညာရှင် လူငယ်များရဲ့ အားတက်သရော ပါဝင်ဆွေးနွေးမှုများနဲ့အတူ "ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်"ဆိုတဲ့ သီချင်းနဲ့ လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အမြင်အာရုံ မသန်စွမ်းအဆိုရှင် အစ်မတစ်ဦးနဲ့အတူ လမ်းပေါ်မှာပူးတွဲဖျော်ဖြေပေးခဲ့တဲ့ မူရင်းအဆိုရှင် ချယ်ရီသင်းနဲ့လည်း အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက မေးမြန်းဆွေးနွေးထားပါတယ်။ တစ်ကယ်တော့ မသန်စွမ်းအသိုက်အဝန်းမှာ မပြောသင့်၊ မလုပ်သင့်လို့ ထင်နေတဲ့ မထိရဲ၊ မတို့ရဲကြတဲ့ Taboo တစ်ခုလိုမျိုး ခေါင်းစဉ်ဖြစ်နေတဲ့ ဒီ "လမ်းပေါ်က သီချင်းသည်" တွေအကြောင်းဆွေးနွေးထားတဲ့ အလွှာစုံက လူငယ်တွေရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အမြင်တွေကို မိတ်ဆွေတို့အနေနဲ့ ကြားသိရမှာဖြစ်ပါတယ်။ နောင်လာမယ့် တတိယပိုင်း မှာတော့ မသန်စွမ်း အသိုက်အဝန်းက အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ရှုမြင်သုံးသပ်ပုံတွေနဲ့အတူ ကိုယ်တွေ့ဝေမျှမှုတွေကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊  မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ  ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်  စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ်  တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး  - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ  ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို  အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network