ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

လမ်းပေါ်က သီချင်းသည် အပိုင်း(၃)


Listen Later

လမ်းပေါ်က သီချင်းသည် အပိုင်း (၃)မှာတော့ မသန်စွမ်းမှုနယ်ပယ်စုံက အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ဆွေးနွေးချက်များကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လမ်းပေါ်မှ သီချင်းသည်များကို စတိတ်စင်ပေါ်အထိ ရောက်ရှိလာပြီး ဂုဏ်သိက္ခာရှိရှိ အနုပညာကြေးနဲ့ ပြည်သူကိုဖျော်ဖြေနိုင်လာဖို့အတွက် သူတို့ကို ဘယ်လိုမြှင့်တင်သင့်တယ်၊ ဖေးမသင့်တယ်၊ နားလည်ပေးသင့်တယ်ဆိုတာတွေအပြင် ရေရှည်အတွက် ဘယ်လိုစံမံပေးသင့်သလဲ၊ ဘာတွေပြင်ဆင်ဖို့သင့်သလဲဆိုတာတွေကိုလည်း ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ထောက်ပြပေးထားကြပါတယ်။ ဒီဆွေးနွေးချက်တွေကနေ အပြုသဘောဆောင်တဲ့ အရွေ့တစ်ခုဆီကိုဦးတည်နေကြပြီး မသန်စွမ်းမှုအသိပညာများအတွက် ဗဟုသုတရဖွယ်သာမက ပြည်သူနဲ့ မသန်စွမ်းသူများ အတူလက်တွဲပြီး လက်တွေ့ကျင့်သုံး လိုက်နာဖို့လည်း အရေးကြီးတယ်ဆိုတာကို တင်ဆက်သူများက မီးမောင်းထိုးပြထားပါတယ်။ ဒါတင်မကဘဲ အရင်းစစ်တော့ အမြစ်မြေကဆိုသကဲ့သို့ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က လက်မည်းကြီးလိုရှိနေတဲ့ မသန်စွမ်းမှုနှင့် ဆင်းရဲနွမ်းပါးမှု သံသရာဖြစ်တည်ခြင်းကိုလည်း အမေ့အပ်ဘဲ ထပ်ဆောင်းလေ့လာနိုင်ဖို့ ထည့်သွင်းတင်ပြပေးထားပါတယ်။ နောင်လာမယ့် စတုတ္ထပိုင်းမှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က ဒီအကြောင်းအရာ အနှစ်ချုပ်အပြင် ကျောထောက်နောက်ခံ ဇာတ်လမ်းဖြစ်တည်မှုအကြောင်းကိုပါ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊  မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ  ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်  စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ်  တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး  - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ  ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို  အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network