ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

Love Has No Boundaries အပိုင်း (၁)


Listen Later

ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက "Love has No Boundaries" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ နယ်နမိတ်မဲ့ဖြစ်ဖို့ဆိုရင် မသန်စွမ်း လူငယ်တွေအတွက် ချစ်ခြင်းမေတ္တာနဲ့ အိမ်ယာထူထောင်ခြင်းမှာ ဘယ်လိုအတွေ့အကြုံတွေရှိနေမလဲ၊ ဘယ်လို နယ်နမိတ် အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်နေရမလဲ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်မှုမှာ ပြင်ပက ဘယ်လိုလွှမ်းမိုးမှုတွေ ရှိနေမလဲ၊ သူတို့ရဲ့ သက်ဆိုင်သူတွေကို ဘာတွေရင်ဖွင့်သွားမလဲဆိုတာ သူမရဲ့ နယ်နမိတ် ဒဿနတွေနဲ့အတူ မောင်ပူးလေး ခေါ် Mr. Guinea Pig က ဧည့်သည်တင်ဆက်သူအဖြစ် သူ့ရဲ့ သက်ဆိုင်သူ ကောင်မလေးနဲ့ ဘယ်လို ချစ်ခြင်းမေတ္တာ တည်ဆောက်နေသလဲ ဆိုတာရယ် မသန်စွမ်းလူငယ်တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းအပေါ် လွတ်လပ်ပွင့်လင်းတဲ့ ဝေမျှမှုတွေကိုပါ တစ်ပါတည်း ခံစားရမှာဖြစ်ပါတယ်။ 

မိတ်ဆွေတို့ရေ ဒီကဏ္ဍမှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ အသက် ၃၅ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ ဧည့်သည်တင်ဆက်သူ မသန်စွမ်းလူငယ် တစ်ဦးချင်းဖြစ်စေ၊ စုံတွဲအလိုက်ဖြစ်စေ  လွတ်လပ်ပွင့်လင်းစွာ အတူတကွ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်တည်မှုကို လေးစားတဲ့အနေနဲ့ မိမိတို့နှစ်သက်ရာ အမည်လွှဲနဲ့အတူ မူရင်းအသံကို အသုံးမပြုဘဲ ပြန်လည်ပြုပြင် တင်ဆက်ပေးမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းသလို ထူးခြားတဲ့ တင်ဆက်မှုဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး ပါဝင်ဖြေဆိုပေးမယ့် အလှည့်ကျ မေးခွန်းများကို သဘောတူ ခွင့်ပြုချက်ဖောင်နဲ့အတူ တောင်းခံနိုင်ပြီး ၄၈ နာရီအတွင်း လိုအပ်တဲ့ အချက်အလက်များနဲ့ မူရင်းအသံဖိုင်ကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေတို့အနေနဲ့ နားထောင်သူ အဖြစ်ကနေ တင်ဆက်သူအဖြစ်ပါ ပူးပေါင်းပါဝင်နိုင်တာမို့လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီနော်။ 

"ချစ်ကြပါ။ ဒါပေမယ့် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းဖြစ်ပါစေ။"

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://www.facebook.com/MyanmarCinemAbilityNetwork

👉 https://myanmarcinemabilitynetwork.wordpress.com/

👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉 https://www.clubhouse.com/club/myanmar-cinemability-network

👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

👉https://t.me/mcanetwork

☎️ 09941559897, 09420819597, 09941559897

#LovehasNoBoundaries

#LoveAndIntimateRelationship

#HappyPwDsLovers

#RightsforPwDs

#BarriersinLoveAffairs

#Inclusivepodcasting

#mcanetwork

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network