ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

MCA Sisters' Network Facebook Group


Listen Later

မိတ်ဆွေတို့ရေ ဒီအပတ် မတ်လ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီမှာ ထုတ်လွှင့်မယ့် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast ရဲ့ တက်သစ်စ လူငယ်ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက မသန်စွမ်း အမျိုးသမီးငယ်များအတွက် နည်းပညာနဲ့ ဖန်တီးမှုတွေ လက်တွဲလေ့လာ အကောင်အထည်ဖော်နိုင်မယ့် MCA Sisters' Network ရဲ့ Facebook Group နဲ့ မိတ်ဆက်ပေးထားပါတယ်။ 🤝 မသန်စွမ်း အမျိုးသမီးများနဲ့ ၎င်းတို့ရဲ့ အရေးကိစ္စများကို မိမိတို့တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာတစ်ရပ်ရပ်နဲ့ အကျိုးပြုလိုသူများ စုဝေးသင်ကြား အမြင်ဖလှယ်ကြဖို့အတွက် အထောက်အပံ့ကောင်းတစ်ရပ် အနေနဲ့ တက်ကြွစွာ ပါဝင်လေ့လာ ဝေမျှလိုကြသူတွေရဲ့ 🗣 အသံတွေကို ပြုစုပျိုးထောင်ဖို့အပြင် အပတ်စဉ် ထုတ်လွှင့်နေတဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast မှာ မသန်စွမ်း အမျိုးသမီးတွေရဲ့အသံအဖြစ် 👩‍🦽👩‍🦯👩‍🦼🧍‍♀️ ပါဝင်ဖော်ထုတ် လိုသူများကိုပါ လေ့ကျင့်ပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်တူသူတွေ စုဝေးဖို့နေရာလေး အကြောင်းကို ဝေမျှပေးထားပါတယ်။ " မသန်စွမ်း အမျိုးသမီးများအရေး အားလုံးကူညီ ဖော်ဆောင်ပေး"

အောက်ပါလင့်ခ်ကနေ တိုက်ရိုက်ချိတ်ဆက်နိုင်ပါပြီ။ 👇

https://www.facebook.com/groups/1987414001622200/

#womenwithdisabilities

#mcasistersnetwork

#inclusiveindependentpodcast

#inclusivetechnologiesandcreations

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network