AskAlex

Media Buying Plan ဘယ်လိုဆွဲလဲ..? Part- 1 Business Objective


Listen Later

Q: agency တွေမှာ content calendar ပေါ်မူတည်ပြီး media buying plan ဘယ်လိုဆွဲရတာလဲသိချင်လို့ပါ။

A: ကျွန်တော်တို့ content calendar ပေါ်မှာမူတည်ပြီးတော့ media buying plan ဆွဲတယ်ဆိုတာထက် ဘယ်ပေါ်မှာမူတည်တာလဲဆိုတော့ ကျွန်တော်တို့မူတည်တာက business objective ပေါ်မှာမူတည် ပြီးတော့ media buying plan ဆွဲကြတာပါ။ ဆိုတော့ business objective က ဖြစ်သွားနိုင်တာက ထားပါတော့ တချို့ client တွေသည် sale ကိုလိုချင်တဲ့ ရောင်းအားကျယ်ချင်တယ်ဆိုတဲ့ client တွေ ရှိတယ်။ တချို့ client တွေကျတော့ branding လုပ်ချင်တယ်။ brand awareness ပေါ့နော်။ လူပိုသိစေချင်တယ် ပိုပေါက်ချင်တယ်ဆိုတဲ့ client တွေရှိတယ်။ အဲ့တော့ client တစ်ယောက်နဲ့ တစ်ယောက်ကတော့ တချို့ကျတော့လည်း loyalty ပိုပြီးတော့ ဥပမာ- market ကြီးအသစ်ထပ်ပြီး ချဲ့တာထက်စာရင် ရှိပြီးသား customer segment ကိုပိုပြီးတော့ရောင်းချင်တဲ့သူတွေလည်း ရှိတာပေါ့နော်။ အမျိုးမျိုးအဖုံဖုံ client ကတော့ အများကြီးရှိတာဆိုတော့ client ပေါ်မှာမူတည်ပြီး business objective တွေကွဲတယ်။ business objective တွေပေါ်မှာမူတည်ပြီးတော့မှ ကျွန်တော်တို့က content marketing နဲ့ media buying ဆိုတဲ့ဟာမျိုးကို နှစ်ခုထပ်ခွဲလိုက်တာ။ အဲ့တော့နောက်ဆုံး အဲ့ဒီနှစ်ခုလုံးသည် ကျွန်တော် တို့က objective တစ်ခုတည်းကို ပြန်ပြီးတော့ ချိတ်ပေးရမှာပေါ့။ ကျွန်တော်တို့က content calendar ထက်စာရင် media buying plan တွေ business objective ဘက်ကို ဦးစားပေးသွားပါတယ်။ 

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine