Q: agency တွေမှာ content calendar ပေါ်မူတည်ပြီး media buying plan ဘယ်လိုဆွဲရတာလဲသိချင်လို့ပါ။
buying team က ခုနကပြောသလို content တစ်ခုချင်းစီကို သွားပြီးတော့လုပ်တဲ့အချိန်မှာ အရမ်းအာရုံနောက်တယ်။ ကျွန်တော်တို့ကတော့ content တစ်ခုချင်းစီကို သွားတယ်ဆိုတာထက် client ဆီကနေပြီးတော့ business objective ကိုတောင်း။ ပြီးရင် သူတို့ဘက်က လုပ်ချင်နေတဲ့ သူတို့ဘက်က ဥပမာ- လုပ်ချင်တဲ့ prioritize လုပ်ချင်တဲ့ product တွေရှိတာပေါ့။ အဲ့တော့ အရေးကြီးတဲ့ ရောင်းချင်တဲ့ stock တွေပုံနေတယ်လို့ပြောတဲ့ product ရှိတယ်ဆိုရင် အဲ့တာကိုတောင်း။ အဲ့ကနေ content တွေလုပ်ပြီးတော့မှ ခုနကပြောတဲ့ CBO ထဲကို ပစ်ထည့်ပြီးတော့မှ run တဲ့အချိန်မှာ အများကြီးပိုပြီးတော့ ကျွန်တော်တို့အတွက်ကတော့ အဆင်ပြေတယ်။ ဒါ ကျွန်တော်တို့ရဲ့ case study လေးပေါ့နော်။ အဲ့ဒါလေးတော့ ဒီ market မှာလုပ်ပေးဖြစ်တယ်။ hopefully, ကိုအောင်မွန်ထိုက်အနေနဲ့လည်း အဲ့နည်းလေးကတော့ အများကြီးအကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm