ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

မိခင်များရဲ့ စကားသံ အပိုင်း (၁)


Listen Later

ဒီအပတ်ကစတင်ပြီး"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်ကို ရေရှည်ထုတ်လွှင့်သွားဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။ ဒီအစီအစဉ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တွဲတင်ဆက်သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

 ယခု ပွဲဦးထွက် အစီအစဉ်မှာတော့ အသက် ၁၈ နှစ်အရွယ် Down Syndrome သမီးကလေး ခွန်းနေခြည်ခင်ရဲ့မိခင် ဒေါ်မျိုးပပက ကိုယ်တွေ့ဖြတ်သန်းမှုကနေ အရွယ်ရောက်လာတဲ့ ဉာဏ်ရည်မသန်စွမ်း လူငယ်များအနေနဲ့ ကြုံတွေ့လာရမယ့် လိင်မှုရေးရာနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်း သိကောင်းစရာများအပြင် ဉာဏ်ရည်မသန်စွမ်းသူများကို ဒီလိုကဏ္ဍတွေမှာ နားလည်လက်ခံပေးနိုင်ဖို့ အပြုသဘောဆောင်တဲ့ ဖန်တီးမှုများလည်း လိုအပ်ကြောင်းကို ဝေမျှပေးမှာဖြစ်ပြီး အသက် ၉ နှစ်အရွယ် သားကြီး ဟန်သွင်သန့်နဲ့ အသက် ၇ နှစ်အရွယ် သားငယ် ကြည်လင်းသန့်တို့ရဲ့မိခင် ကိုယ်အင်္ဂါမသန်စွမ်းသူ ဒေါ်တင်နီလာဝင်းကတော့ ရှေးရိုးစွဲအယူအဆ၊ ဘာသာရေးခံယူချက်နဲ့ ရိုးရာယုံကြည်မှုတွေကြောင့် အမျိုးသမီးတွေ အထူးသဖြင့် မသန်စွမ်းမိခင်တွေရဲ့ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများ မဆုံးရှုံးသင့်ကြောင်း ကိုယ်တွေ့တွေနဲ့အတူ ယှဉ်တွဲသုံးသပ်ပေးမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက   ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ   ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast   အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊  အကြံဉာဏ်များပေးကြသူများနဲ့   နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို    အထူးပဲကျေးဇူးတင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊  မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့်ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel  မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး  မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊  မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့  ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက်  [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇  တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network