ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

မိခင်များရဲ့ စကားသံ အပိုင်း (၂)


Listen Later

"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တွဲတင်ဆက် သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ် အပိုင်း (၂)မှာတော့ သက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီး မောင်မြတ်မင်းသူ (ခ) မျိုးလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ဇင်မျိုးသန်းက မိခင်တစ်ယောက်၊ ဇနီးသည်တစ်ယောက်ရဲ့ အိပ်မက်တွေ ပျက်သုန်းသွားသလို ခံစားခဲ့ရပြီး ဒီစိတ်သောကတွေထဲကနေ ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရကြောင်း၊ သားလေးအတွက် အကောင်းဆုံး ပံ့ပိုးရပ်တည်ခဲ့ရင်း သမီးကလေး ရလာတဲ့အခါ တည်ငြိမ်စပြုလာတဲ့ ဘ၀အချိုးအကွေ့တွေ၊ စိတ်ခံစားမှု အနိမ့်အမြင်တွေအကြောင်းကို ပြောပြပေးမှာဖြစ်ပြီး အသက် ၄၆ နှစ်အရွယ်ရှိ အမြင်အာရုံမသန်စွမ်းသူ သားကြီး ဦးအောင်ကိုမြင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်စီစီလွင်က မကြာမီ နိုင်ငံရပ်ခြားသို့ ကာလရှည် ခရီးမထွက်ခင် မိခင်တစ်ယောက်ရဲ့ ဘ၀တစ်လျှောက်လုံး သားအပေါ် မေတ္တာအပြည့်ဖြင့် စောင့်ရှောက်ပံ့ပိုးရင်း ကြုံတွေ့လာရတဲ့ လောကဓံတွေအပေါ် ဘာသာတရားရဲ့ အရိပ်အောက်ကနေ ဘယ်လိုရင်ဆိုင်နေသလဲဆိုတာတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။  Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network