ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

မိခင်များရဲ့ စကားသံ အပိုင်း (၃)


Listen Later

မိခင်များရဲ့ စကားသံ တတိယပိုင်းမှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ရဲ့ မိခင် ဒေါ်စိန်ချိုက ကိုယ်အင်္ဂါမသန်စွမ်းသူ သားငယ်အတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ နည်းလမ်းရှာပံ့ပိုးပေးခဲ့ပုံ၊ မသန်စွမ်းမှု အသိပညာ မရှိကြတဲ့ ပတ်ဝန်းကျင်ရဲ့ အကြံပေးမှုတွေကို လက်မခံခဲ့ဘဲ သားရှေ့ရေးအတွက် ပညာရေးကို တတ်နိုင်သလောက် လမ်းပွင့်အောင် ကြိုးစားချိတ်ဆက်ပေးခဲ့ပုံ၊ သားရဲ့ အနုပညာစွမ်းရည်တွေကို မြင်လာခဲ့ရပြီး တက္ကသိုလ်တက်တဲ့ အရွယ် ရောက်လာပြန်တော့လည်း သားအတွက် ခွန်အားတွေပေးခဲ့ရင်း မိခင်တစ်ယောက်ရဲ့ နောက်ကွယ်က ထောက်ပံ့ပေးခဲ့ပုံတွေ၊ ကြိတ်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရပုံတွေအပြင် မှန်ကန်တဲ့ လိုက်လျောမှုတွေနဲ့ အားပေးပျိုးထောင်ခဲ့တဲ့အကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ 

နောက်ထပ် တင်ဆက်ပေးမယ့် မိခင်တစ်ဦးကတော့ အော်တစ်ဇင်သားလေး မောင်မြတ်မင်းသူ (ခ) မျိုးလေးရဲ့ မိခင် ဒေါ်ဇင်မျိုးသန်းဖြစ်ပြီး သားကြီးရဲ့ သင်ကြားမှု၊ သင်ယူမှုအပိုင်းမှာ ကြိုးစားပံ့ပိုးပေးခဲ့ရပုံ၊ သားအမိကြား ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့ စိတ်ကိုပြင်ဆင်ခဲ့ရပုံနဲ့ ရှေးရိုးစွဲ အယူသီးမှုတွေရှိတဲ့ ပတ်ဝန်းကျင်မှာ ဒီကနေ့အထိ သားကြီးအတွက် ကြံ့ကြံ့ခံရင်ဆိုင် ကျော်ဖြတ်နေတဲ့ ဘ၀အတွေ့အကြုံတွေ အကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးကြမှာဖြစ်ပါတယ်။

🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉https://myanmarcinemabilitynetwork.wordpress.com/

👉https://www.facebook.com/MyanmarCinemAbilityNetwork

👉https://t.me/mcanetwork

📧 Gmail: [email protected]

☎️ 09261256493, 09941559897

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network