eaineain

မိုးသက်ဟန် ပလက်ဖောင်း Platform Michel Houellebecq


Listen Later

အားလုံးကို ပြောရင်တော့ ကျွန်တော့်မှာ တစ်လှည့်စီဝတ်တဲ့ အနောက်တိုင်းဝတ်စုံနှစ်စုံရှိတယ်။ စာအုပ်တွေ...၊ စာအုပ်တွေတော့ ကျွန်တော့်မှာ ရှိတာပေါ့။ ကျွန်တော် အလွယ်တကူ အမြဲဝယ်နိုင်တဲ့ စာအုပ်တွေချည်းပါပဲ။ ရှိတဲ့ စာအုပ်ထဲမှာ ဘယ်စာအုပ်မှ ရှားပါးပြီး တန်ဖိုးရှိတဲ့ စာအုပ်မျိုး မပါပါဘူး။ ကျွန်တော့်ဘဝလမ်းကြောင်းမှာ ဖြတ်သွားခဲ့တဲ့ မိန်းမတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ဆီက ဓာတ်ပုံတစ်ပုံ၊ ဒါမှမဟုတ် စာလေးတစ်စောင်တောင် ကျွန့်တော့်မှာ မရှိပါဘူး။ ပြီးတော့ ကျွန်တော့် ဓာတ်ပုံတောင် ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော် အသက်ဆယ့်ငါးနှစ်၊ နှစ်ဆယ်၊ သုံးဆယ်တုန်းက ဘယ်လိုပုံရှိခဲ့မလဲဆိုတာ ကျွန်တော် မမှတ်မိပါဘူး။ ကျွန်တော်နဲ့ပက်သက်တဲ့ စာရွက်စာတန်းလည်း များများစားစားမရှိပါဘူး။ ကျွန်တော့်မှတ်ပုံတင်ကတော့ ဖိုင်တွေထည့်တဲ့ အိတ်ထဲက ဖိုင်တစ်ခုမှာ အလွယ်တကူရှိနေပါလိမ့်မယ်။
လူသားတွေဟာ သာလွန်ထူးကဲပြီး အစားထိုးမရနိုင်တဲ့ သီးခြားအမှတ်အသားတွေ ရှိကြတယ်လို့ ဟန်ဆောင်နေကြတာဟာ မှားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တွေးကြည့်၊ လေ့လာကြည့်သလောက်တော့ အဲ့ဒီ့လို သီးခြားပင်ကို ဖြစ်မှုဆိုတာကို ခွဲခြားလို့မရပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာတွေနဲ့ ပုဂ္ဂလအရည်အသွေးတွေကို ကျွန်တော် ခွဲခြားလို့မရပါဘူး။ အားလုံးကို ခြုံငုံစဉ်းစားပြုလုပ်ပြီးတဲ့နောက် တစ်ဦးချင်းစီရဲ့ သာလွန်မှုဆိုတဲ့စိတ်ကူးဟာ ကိုယ့်ကိုယ်ကိုယ်အရေးပါကြောင်း ဖော်ပြတဲ့ အရူးထမှုထက်မပိုပါဘူး။ ရှိုပင်ဟောင်ဝါ ရေးဖူးတယ်။ ကျွန်တော်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖတ်ဖူးတဲ့ ဝတ္ထုတစ်အုပ်ထက် နည်းနည်းလေး ပိုကောင်းတဟ်တဲ့။ ဟုတ်တယ်။ နည်းနည်းလေးပဲ။ အဲဒီထက် မပိုဘူး။
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain