eaineain

မင်းထွက်သွားတုန်းက၊ လူအိမ်


Listen Later

မင်းထွက်သွားတုန်းက
အာဏာသိမ်းပြီးစ
ညနေ နေဝင်ရီတရောပေါ့
စစ်တပ်အိမ်ကိုလာဝိုင်းတယ်
မင်းအမေ ကြောက်လိုက်တာ
ကြက်သီးမွေးညှင်းထ
အသားတွေဆတ်ဆတ်တုန်ပေါ့
အိမ်သားတွေလည်း
ချောင်မှာဝပ်လို့ ။
မင်းထွက်သွားတုန်းက
မင်းညီကို မင်းနဲ့မှားပြီး
ရဲတွေလာဖမ်းသွားတယ်
နောက်ကျမှ တစုံတယောက်က
သူဟာ မင်းမဟုတ်ဘူးဝင်ပြောမှ
သူ့ကို ပြန်လွှတ်ပေးလိုက်တယ် ။
မင်းထွက်သွားတုန်းက
မင်းညီမ
ဌာနဆိုင်ရာ အလုပ်ကောင်းကောင်း
တခုရဖို့ ကြုံတယ်
ဒါပေမဲ့
နောက်ကြောင်း ရာဇဝင်လိုက်တော့
( သူတို့အလို )
မင်းက ဆန့်ကျင်ရေးသမားဖြစ်နေတာနဲ့
မင်းညီမ ခန့်စာနဲ့လွဲသွားတယ် ။
မင်းထွက်သွားပြီး
နောက်နှစ်တွေ
သူတို့ ငါ့ဆီ ခဏခဏလာတယ်
မင်းအကြောင်းလာစုံစမ်းတယ်
မင်းသတင်းတွေ လာလာမေးတယ်
နောက်ဆုံး
မင်းနဲ့အခင်ဆုံး သူငယ်ချင်း ဘယ်သူလဲ
မင်း ရည်းစား ဘယ်သူလဲ
ဒါတွေကအစ
ငါ့ကို လာလာ မေးတယ် ။
တရက် ...
ငါလည်း စိတ်မရှည်တော့တာနဲ့
ဆရာတို့ရယ်
ဆရာတို့က ထောက်လှမ်းရေးတွေပဲ
သူဘယ်ရောက်နေမှန်း
ဆရာတို့တောင်မသိတာ
ကျနော် ဘယ်လိုသိနိုင်မှာလဲ
ဆရာတို့သိရင် လည်း
ကျနော့် ပြောကြ ပေါ့
ကျနော်လည်း
ကျနော့်သား ဘယ်ရောက်နေတယ်
သိချင်တာပေါ့လို့
ဒီတည်းက...
သူတို့ ငါ့ဆီ မလာတော့ဘူး
မင်းသတင်းလည်း မကြားရတော့ဘူး။ ။
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain