SUM Weekly Podcasts

မြန်မာ့ဖက်ဒရယ်အရေးအကောင်အထည်ဖော်ဖို့ ဘာတွေခက်နေလဲ


Listen Later

တန်းတူညီမျှမှုတွေကို မျက်ကွယ်ပြုမှုကြောင့် ယခုအချိန်ထိ မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံဟာ ဘယ်လို အုပ်ချုပ်ရေးယန္တယားမျိုးနှင့် သင့်တော်မှာလဲ?

ဆန္ဒထုတ်ဖော်စဉ်က ကိုယ်တိုင်ရွတ်ဆိုခဲ့ကြတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ရဲ့ လမ်းစဉ်အတိုင်းလိုက်နာခြင်းက တိုင်းရင်းသားတွေ နဲ့ လူအနည်းစုတွေအပေါ် လျစ်လျှူရှုခဲ့တဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ် နိုင်မယ့် နည်းလမ်းများထဲက တစ်ခုပါ။

သို့သော်လည်း သမိုင်းအဆက်ဆက် အတ္တကြီးခဲ့ကြတဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ လူတစ်ချို့ဟာ ယခုလိုပြောင်းလဲလာမှာကို အလွယ်တကူ လက်မခံဘဲ အမျိုးမျိုးဟန့်တားနေမှုကြောင့် တော်လှန်ရေးဆိုတဲ့အရာဟာ ကျွန်တော်တို့ မျိုးဆက်အထိ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလူမျိုးကြီးဝါဒကို အမြစ်ဖြတ်မယ့် သူတွေအနေနဲ့ သမိုင်းမမေ့အောင်၊ နိုင်ငံရေး ရေချိန်မနိမ့်ပါး အောင် လေ့လာမှုတွေ ပြုလုပ်ရပါမယ်။ လေ့လာသိရှိမှုတွေကိုလည်း လက်တွေ့ပြန်လည်အသုံးချပြီး ပြန်လည်မျှဝေပေးရမှာလည်းဖြစ်ပါတယ်။

ယနေ့ ညချမ်းအချိန်မှာတော့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုခဲ့ကြတဲ့ ဖက်ဒရယ်အရေးနဲ့ စပ်လျဉ်းတဲ့ “မြန်မာ့ဖက်ဒရယ် အကောင်အထည်ဖော်ဖို့ ဘာတွေ ခက်ခဲနေတာလဲ” ဆိုတဲ့ ခေါင်းစဉ်ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

ယခု Podcast လေးကို နားထောင်လိုက်တဲ့အခါ သင့်ဆီမှာ မြန်မာ့ဖက်ဒရယ်အရေး နှင့် ပတ်သတ်ပြီး အတွေးအမြင်အသစ်တွေ ထွက်ပေါ်လာမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ လူငယ်တိုင်း နားထောင်သင့်ပါတယ်။

အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။


Spring University Myanmar

Facebook - www.facebook.com/springuniversitymm
Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

...more
View all episodesView all episodes
Download on the App Store

SUM Weekly PodcastsBy SUM Podcasts

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings