Sign up to save your podcasts
Or

တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်း
Dawei Watch၊ ဒီဇင်ဘာ ၁၂
လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကိုရောက်ရင် ကချင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက ပွဲကြီးပွဲကောင်းတစ်ပွဲကို ထိုးသတ်တော့မှာပဲဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းကမှ ပူပူနွေးနွေးဆိုသလို နိုင်ပွဲတစ်ပွဲ ရရှိထားတာပါ။
ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အိုကာမီနဲ့ထိုးသတ်ခဲ့ပြီး ပထမပွဲချီမှာတင် အောင်လအန်ဆန်းက ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ One Championship နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီးပြီလို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းက One On Prime Video 6 ပွဲစဉ်အဖြစ် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ဝေါင်းနဲ့ ထိုးသတ်သွားဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က IMPACT STADIUM မှာ ထိုးသတ်ရမှာပါ။ ဒီတော့ အောင်လအန်ဆန်းနဲ့ ဖန်ဝေါင်းတို့အနက်က ဘယ်သူ အောင်ပွဲခံသွားလေမလဲဆိုတာဟာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
By Dawei Watch5
22 ratings