ရုရှားက ယူကရိန်းနိုင်ငံထဲကို မနေ့ညတည်းက ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်နေပြီး လူတဦးထက်မနည်း သေဆုံးသွားပါတယ်။အမေရိကန်ပြည်ထောင်စုမှာ ဒုသမ္မတဟောင်း Mike Pence အပါအဝင် လက်ရှိ သမ္မတနဲ့ သမ္မတဟောင်းတွေဆီက လျှို့ဝှက်မှတ်တမ်း အထောက်အထားတွေ ရှာတွေပြီးနောက်မှာ အရင် သမ္မတတွေရော အလားတူ မှတ်တမ်းတွေကို အမျိုးသားမော်ကွန်းတိုက်ဆီ လွှဲပြောင်းပေးခဲ့ရဲ့လားလို့ အများပြည်သူကြား မေးမြန်းတာတွေ ပေါ်လာပါတယ်။မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးတက်သွားသလို၊ ဘိန်းဖြူ ထုတ်လုပ်မှုတွေ ဟာလည်း ပြီးခဲ့တဲ့နှစ်တွေထက် ပို များလာတယ်လို့ ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန် ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။