ယူကရိန်းနိုင်ငံ Zaporizhzhia နူးကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ပတ်၀န်းကျင်မှာ အင်အားပြင်း မိုင်းတွေကို တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ပြောပါတယ်။မြန်မာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီ ဝယ်ယူခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာကိုထောက်ခံတဲ့အကြောင်း အမေရိကန်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူ အသစ် ထုတ်ဝေမယ့် သတင်းကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်လာမှာကို လုပ်ငန်းရှင်တွေ စိုးရိမ်နေပေမဲ့လည်း စစ်ကောင်စီကတော့ ငွေစက္ကူအသစ်ကြောင့် နိုင်ငံခြား ငွေကြေးဈေးကွက်နဲ့ နေ့စဉ်အရောင်းအဝယ်တွေပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ငြင်းဆို ..စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။