တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန် ဝန်ကြီးချုပ် Fumio Kishida တို့ တွေ့ဆုံပြီး ပုံမှန်တွေ့ဆုံရေး နဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက တာဝေးပစ် မစ်ဇိုင်းဒုံး တစင်း ထပ်မံ ပစ်လွှတ်လိုက်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ အကောင်အထည် ဖော်နိုင်တဲ့အထိ စင်ကာပူ အနေနဲ့ တခြား အာဆီယံနိုင်ငံတွေနဲ့သာမက ကုလသမဂ္ဂလိုမိတ်ဘက်အဖွဲ့တွေနဲ့ပါ လက်တွဲ ဆောင်ရွက်သွားမယ်လို့ စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong ကပြော ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။