"အထက်ဆင်" Podcast

ငရဲခွေးကြီးများ လွတ်နေသည်။


Listen Later

ကျွန်မတို့ ငယ်ငယ်ကတည်းက "ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့"လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။အထက်ဆင် ကနေ တစ်ခါတည်း ပြောလိုက်ပါရစေ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က ဆန်းဆန်းတင့်လွန်းတယ် ဆိုတာ ရှိကို မရှိပါဘူး။ ကိုယ့်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ကျော်လာရင်၊ ကိုယ် လက်မခံနိုင်ရင်၊​ ကိုယ် သဘောမတူရင်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်ပါတယ်။ ဘယ်အရာတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်သလဲဆိုတာကို ခုဆိုရင် ဖေ့စ်ဘုတ်မှာ၊ ဆိုရှယ်မီဒီယာတွေမှာ အသိပေးပုံတွေ အများကြီး ဝေမျှထားကြပါတယ်။ ကိုယ်တိုင်လည်း ဖတ်ရှုပြီး အမျိုးသမီးအချင်းချင်းလည်း လက်တို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠

...more
View all episodesView all episodes
Download on the App Store

"အထက်ဆင်" PodcastBy BurmaPodcastNetwork

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings