ဉာဏ်သူပုန် ရေဒီယို

ဉာဏ်သူပုန် ရေဒီယို

By BurmaPodcastNetworkSociety & Culture
Download on the App Store

ဉာဏ်သူပုန် ရေဒီယို episodes

  • ရှေးကတော့ပိုခြစ်ကြဒယ်

    Season 3

    ဉာဏ်သူပုန်အပိုင်းသစ်

    "ရှေးကတော့ပိုခြစ်ကြဒယ်"


    မြန်မာတို့ရဲ့ ကျိန်စာဆိုးတစ်ခုကို အပိုင်းခွဲပြောပြသွားမယ့် မောင်ရင်ရဲ့ အပိုင်းသစ်ဖြစ်ပါတယ်။ ဒီကျိန်စာဟာ ဘယ်သူမှတိုက်ခဲ့တာမဟုတ်ဘဲ လူတွေကိုယ်တိုင် အရိုးစွဲကျင့်သုံးနေတဲ့ ဓလေ့တစ်ခုဖြစ်လာတာကို တဖြည်းဖြည်း ပုံပေါ်လာအောင် ဆွေးနွေးထားပါတယ်။


    ပဏာမပိုင်းအနေနဲ့ တင်ဆက်သူ မောင်ရင်ကြုံတွေ့ခဲ့ရတဲ့ ရှင်ပြုပွဲတစ်ခုက အဖြစ်ပျက်တွေနဲ့ဖွင့်ထားပါတယ်။ ထုံးစံအတိုင်း သူ့ရဲ့ဓလေ့ထုံးတမ်းဆိုင်ရာ အရွဲ့အထေ့တွေနဲ့ အဖြစ်ပျက်ကို တစ်ကွက်ချင်း နားသောတဆင်ခြင်နိုင်ဖို့ ဆော်ဩလိုက်ရပါတယ်။


    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠⁠https://linktr.ee/burmapodcastnetwork⁠

    15 min
  • အိမ်တွင်းပုန်းသင်္ကြန်

    မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့ အနုပညာအသိုင်းဝိုင်းကလွဲရင် သာမန်လောကမှာတော့ ရှားဆဲပါပဲ။

    အကြောင်းအားလျော်စွာပဲ ဉာဏ်သူပုန်မိတ်ဆွေများထဲမှာ မြန်မာသံကီးဘုတ်၊ မောင်းဆိုင်း၊ ဒိုးအုပ်စုံတွေတီးတတ်တဲ့ လူငယ်မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်လောက်က ခင်မင်ခွင့်ရခဲ့ပါတယ်။ မင်းသားကမှာလည်း ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးသူပါ။ ဒီတစ်ခါတော့ သူနဲ့ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်တို့ သင်္ကြန်အကြောင်း၊ ဆိုကရေးတီးအကြောင်း၊ အလကားကျော်စွာတွေအကြောင်း၊ ဖက်ခွက်စားအကြောင်း၊ အနုသဘင်လောကအကြောင်း၊ ဘွိုင်းကောက်အကြောင်းတွေကို တတ်မှတ်သလောက်ပြောဆို အလွမ်းဖြေကြမှာဖြစ်ပါတယ်။ စကားပြောရင်းနဲ့မှ ၁၀ မိနစ်ကို တစ်ကြိမ်လောက် သင်္ကြန်သီချင်းတစ်ပုဒ်စီ တီးလုံးလေးတွေတီးပြီး နားထောင်ကြသူအပေါင်းကို မပျင်းရအောင် အငြီးဖြေ တီးခတ်ဖျော်ဖြေထားပါတယ်။ အဲ့အတွက် မူလဖန်တီးသူဆရာကြီးများကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ မြန်မာမှုတွေကို စိတ်ဝင်စားကြတဲ့ နားဆင်ကြတဲ့၊ မတောက်တခေါက်တီးခတ်ကြတဲ့ ဝါသနာရှင်၊ စေတနာရှင် မိတ်ဆွေတွေ၊ ပရိတ်သက်တွေအနေနဲ့သာ ယခုအပိုင်းကို ဝေဘင်စောကြောပြောဆိုကြတာမို့ အဆင့်မြင့်အနုပညာရှင်ကြီးများက ဗွေယူမယ်ဆိုလည်း ယူကြပါ။


    ဒါဖြင့်ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်က ဘယ့်နှယ့်ယဉ်ကျေးမှုတော်လှန်ရေးဘာညာပြောပြီး ဒါတွေလျှောက်ပြောနေရသလဲ။ ယဉ်ကျေးမှုတွေထဲမှာ နှစ်သက်ဖွယ်ကောင်းတဲ့၊ အစွန်းရောက် ရှေးရိုးမစွဲတဲ့၊ ကိုယ်ပိုင်လက္ခဏာတွေရှိတဲ့အမှု(မြန်မာမှု) တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါတွေကို လက်နက်သဖွယ် အသုံးချနေတဲ့ အာဏာရှင်ယန္တရားကလည်း ရှိနေပြန်တယ်။ သင်္ကြန်တွင်းမှာ အိမ်တွင်းကနေ သင်္ကြန်ကိုခံစားရင်း စကားစမြည်ပြောကြရာက ဒီအကြောင်းအရောတွေဆီ ရောက်သွားတဲ့သဘောပါပဲ။


    သင်္ကြန်သီချင်းတွေကို အတတ်နိုင်ဆုံး တူညီအောင် တီးလုံးတွေချည်း တီးထားကြတာဖြစ်တဲ့အတွက် စိတ်ပါရင် နားဆင်ရင်းနဲ့ လိုက်ဆိုနိုင်ပါပြီ။ တီးပေးတဲ့ကိုလင်းကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။ အားလုံးကို အတာကာလကစပြီး အဆိုးအပေါင်းကနေ ဝေးကင်းကြပါစေကြောင်း မေတ္တာဖြင့် တင်ဆက်လိုက်ရပါတယ်။


    နောက်ခံသီချင်းတစ်ပုဒ်ဖြစ်တဲ့ မြဝတီမင်းကြီးဦးစရေး

    လေပြေဆော်သွင်း(သွေး) မြူး - မြင်းတက်ယိုးဒယားသီချင်းကတော့ လွန်ခဲ့တဲ့လက တီးထားတာဖြစ်ပါတယ်။

    ဒိုးအုပ်စုံ/ ကီးဘုတ် - ကိုလင်း

    စည်းဝါး- ကိုအောင်မြသန်း

    ယကွင်းအိမ်ဖြည့် - မောင်ရင်


    သင်္ကြန်သီချင်းတွေကတော့ ဒီအပိုင်းအတွက်သီးသန့်တီးခတ်ထားတာပါ။

    ကီးဘုတ် - ကိုလင်း

    စည်းဝါး - မောင်ရင်

    ဂစ်တာအိမ်ဖြည့် - မောင်ရင်

    ဒိုး - (သင်္ကြန်ကာလငှားရခက်၊ ဈေးကြီးလို့ မပါ)

    1 hr 2 min
  • အရင်းစစ်တော့ အမြစ်ဘယ်က

    Season 3ဉာဏ်သူပုန် အပိုင်းသစ်

    ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။

    အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    17 min
  • နားငြီးနိုင်ငံရေး

    Season 3

    လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ့ လူသားထုရဲ့ လွတ်လပ်မှုကို ဖိစီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ ခေတ်သစ်ခြေလှမ်းတွေဖြစ်ကြတဲ့ အာဏာရှင်ချင်း နည်းပညာပိုင်းကူညီတာ၊ နိုင်ငံရေးဖိနှိပ်တဲ့ နည်းစနစ်တွေကို မျှဝေတာတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်။ ရွေးကောက်ပွဲကို အသုံးချတာကလည်း အဲ့ဒီနည်းတွေထဲကတစ်ခုမှန်း လူတွေသိနေကြပါပြီ။


    BPN က ပေါ့ဒ်ကတ်စ်တွေကို အပတ်စဉ် အဆက်မပြတ်တင်နေရာမှာ ယခုတစ်ဖန် အလှည့်ကျလာတာကတော့ ဉာဏ်သူပုန်ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဉာဏ်သူပုန်မိတ်ဆွေများ အချင်းချင်း ပြောဆိုတွေးတောကြတဲ့ အချက်တွေနဲ့ ထုံးစံအတိုင်း မောင်ရင့်ဝေဒနာတွေ၊ ဝေဘင်ချက်တွေအပြင် ရွေးကောက်ပွဲဟာအဖြေလားဆိုတဲ့ မေးခွန်းကိုလည်း တစ်စွန်းတစ်စ ဆွဲထုတ်ထား စောကြောထားပါသေးတယ်။ ဒီပေါ့ဒ်ကတ်စ်ဟာ အာဏာရှင်ချင်း သွေးစည်းညီညွတ်တဲ့ခေတ်မှာ တရားမျှတမှုကို လိုချင်သူချင်း သွေးစည်းညီညွတ်ကြဖို့အတွက် ဆော်ဩချက်တစ်ခုဖြစ်ပါလိမ့်မယ်။


    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    19 min
  • ဝန်ထမ်းဘဝအက်ဆေးတချို့

    Season 2

    အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့နဲ့ ဘဝတူအခြေအနေတချို့ ကို မီးဆလိုက်နဲ့ တစ်ကွက်ချင်းထိုးထားပါတယ်။ ဒီအပိုင်းဟာ ဝန်ထမ်းလောကအကြောင်း ပတ်သက်ပြီး မောင်ရင်ပြောထားတဲ့ ဒုတိယနဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။


    နောက်ဆုံးမှာ သူထုတ်ထားတဲ့မေးခွန်းကိုလည်း BPN ကတဆင့် တဆိတ်ပြန်ဖြေခဲ့ကြလို့ ရပါသေးတယ်။ မာရသွန်ပြောထားတဲ့အပိုင်းဆိုတော့ နားထောင်ကြသူတွေကို သူ့လေနဲ့ပြောရရင် “နားသည်းခံတော်မူကြပါဦးဗျို့” လို့အရွှန်းဖောက်ချင်ပါတယ်။


    Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    21 min
  • ဒဏ်ကြေအောင်ဂျင်းအုံခြင်း

    Season 2

    မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။

    ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်၏ "အသစ်တင်အဟောင်းပိုင်း" ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် "ဖောင်းထုစရာအဖြာဖြာ" ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို "ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား" နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။

    ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို "ဒဏ်ကြေအောင်ဂျင်းအုံခြင်း"တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    12 min
  • ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား

    Season 2

    ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော် အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။

    အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။

    ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကို အယောင်ပြယုတ္တိတွေသွင်းပြီး တစ်ပတ်ရိုက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ဥပမာ ဥပမေယျတွေနဲ့ အစီစဉ်တင်ဆက်သူမောင်ရင်က ချေးခြောက်ကို ရည်ရွယ်ချက်ရှိရှိ ရေနှူးထားတာတွေ ပါဝင်မှာပါ။

    Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    14 min
  • ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    Season 2

    အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာ

    ဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။

    နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျှဝေထားတာမို့ တဒင်္ဂစိတ်အပန်းပြေနိုင်စေမယ့် Podcast တစ်ပုဒ်လည်းဖြစ်ပါတယ်။

    Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်ခင်ဗျာ။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    16 min
  • Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    Season 2

    ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကိုမာကျူရီရဲ့ "သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။​ ဒီနေ့အတွက်ကတော့ ဉာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လည်း နားဆင်၊ မိတ်ဆွေများနဲ့လည်း ဝေမျှနိုင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    26 min
  • စာကြည့်တိုက် နဲ့ AI

    Season 2

    ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။"သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝ စာသင်ခန်းထဲမှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွှန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့ AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ "ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အချိန်မရွေး တစ်ရွာလုံးပြာကျသွားနိုင်တယ်။ စေတနာကနေ ဝေဒနာကို ရုတ်ချည်းပြောင်းသွားနိုင်တယ်။ ကိုယ်တင်တဲ့ ကောင်းသတင်းကို ဆိုးသတင်းဖြစ်စေချင်တဲ့အင်အားစုလည်းရှိတယ်။ ကိုယ်က သူပုန်ထနေရတာဆိုတော့ ကိုယ်ကသတိမထားတဲ့အခါ ကိုယ့်လုပ်ရပ်တွေကို လူတွေက အလွယ်တကူနဲ့ စကစလေသံငှားပြီး ကိုယ့်ကို လူယုတ်ဇာတ်သွင်း ပစ်နိုင်တယ်ဆိုတာ မမေ့ကြဖို့ လက်တို့ချင်တယ်။ တော်လှန်ရေးကို တော်လှန်ရေးပုံစံနဲ့ မသွားရင် နှောင့်နှေးကြန့်ကြာတာ ပျက်စီးရတာတွေ ဖြစ်ကြလေ့ရှိတယ်။"

    မောင်ရင်ရဲ့ ငယ်ဘဝ အကြောင်းလိုမျိုး မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာ မှတ်မှတ်ရရ အကြောင်းလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦးနော်။

    Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။

    Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

    ⁠⁠https://linktr.ee/burmapodcastnetwork⁠

    20 min

About ဉာဏ်သူပုန် ရေဒီယို

From the publisher's feed

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။

More shows like ဉာဏ်သူပုန် ရေဒီယို

Burmese News - NHK WORLD RADIO JAPAN by NHK WORLD-JAPAN

Burmese News - NHK WORLD RADIO JAPAN

30 Listeners

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် by BBC Burmese Radio

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

123 Listeners

Doh Athan - Our Voice by Doh Athan - Our Voice

Doh Athan - Our Voice

17 Listeners

Rodiobook by Rodney Sann Lwin

Rodiobook

143 Listeners

Audiobooks by Ei Mya by May my reading lifts your spirits!

Audiobooks by Ei Mya

37 Listeners

myanmarstory by myanmar story

myanmarstory

32 Listeners

The Institute for Strategy and Policy – Myanmar by ISP-Myanmar

The Institute for Strategy and Policy – Myanmar

6 Listeners

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners

DVB News by Democratic Voice of Burma

DVB News

5 Listeners

Nya Pone Pyin - ညပုံပြင် by Thet Paing

Nya Pone Pyin - ညပုံပြင်

0 Listeners

ရင်အေးရာ by Aye Say Original

ရင်အေးရာ

0 Listeners