AskAlex

Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၂) Media Buying


Listen Later

Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က Tiktok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ


အပိုင်း (၂) Media Buying
A: နောက်တစ်ခုကျတော့ boost  လုပ်တာ ကျွန်တော်ကတော့ boost လုပ်လို့မရဘူး အပိတ်ခံထားရလို့ လုပ်ချင်တယ်.. မရဘူး။  နောက်တစ်ခုက ကိုယ့်ရဲ့ content ၊ တချို့တွေကျတော့ boost လုပ်တဲ့ တချို့ creator တွေကျတော့ boost လုပ်တဲ့ဟာကို ခါးခါးသီးသီး မကြိုက်ကြဘူးပေါ့နော်၊ ဘာလဲဆိုတော့ ဒါကစစ်မှန်တဲ့ဟာမျိုးမဟုတ်ဘူးဆိုပြီး ခံယူချက်တွေရှိကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ ဒါပေမဲ့ ကျွန်တော် မြင်တာကတော့ boost လုပ်သင့်တယ်၊ boost လုပ်ခြင်းသည် ကိုယ့်ရဲ့ content ကိုလူတွေဆီ ရောက်အောင် Facebook၊ YouTube ဘာညာတွေကနေပြီးတော့ ပို့ပေးလိုက်တာ။ ကျွန်တော်ကတော့ boost လုပ်သင့်တယ်ထင်တယ် ကျွန်တော်ကိုယ်တိုင်လည်း  boost လုပ်တယ် ကျွန်တော့်ရဲ့  alex khine pageကို  ဒါမှလည်း ကျွန်တော့် contentတွေက လူတွေဆီရောက်သွားမှာကို လူတွေကြိုက်တာမကြိုက်တာ like လုပ်တာ မလုပ်တာ comment ပေးတာ မပေးတာ share လုပ်တာ မလုပ်တာ ဒါသူတို့အပိုင်းဖြစ်သွားပြီ၊ ဒါပေမဲ့ ကျွန်တော် content တွေသည် သူတို့ဆီကို ရောက်ဖို့ကတော့ boost လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဟာက တစ်ပိုင်းပါ ဒါကို လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း မလုပ်နဲ့ပေါ့နော်၊ ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်တော့ လုပ်စေချင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine