AskAlex

Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၃) Collaboration


Listen Later

Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ


အပိုင်း (၃) Collaboration

အရေးကြီးတာ နောက်တစ်ခုက ကျွန်တော်မြင်တာ collaboration အင်မတန် အရေးကြီးတယ်၊ collaboration လုပ်စေချင်တယ် ဘာလို့လဲဆို  collaboration က  ကျွန်တော်တို့သည် Personal Branding လုပ်နေတဲ့ creator တွေအတွက်ကို အများကြီး အရေးပါတယ်၊ collaboration လုပ်ခြင်းအားဖြင့်  ကိုယ့်ရဲ့ pageကို ကြည့်နေတဲ့သူတွေကလည်း တခြားသော တစ်ယောက်ရဲ့ အတွေးအမြင်ကို ရနိုင်တယ်၊ တခြားသောသူတွေရဲ့ followerတွေကလည်း ကျွန်တော်တို့ဆီဝင်လာနိုင်သလို ကျွန်တော်တို့ရဲ့ follower တွေကလည်း တခြားသူတွေရဲ့page ကို သွားပြီး follow လုပ်နိုင်တာပေါ့နော်.. ဒါဆို Win Win. ပြောမယ်ဆို ကျွန်တော်နဲ့ အရင်တုန်းက Tech အကိုတွေ TBHS က ကိုအောင်ချမ်းမြေ့တို့နဲ့ ကျွန်တော်လုပ်ဖူးတယ်၊ သူတို့ရဲ့ ဒီ Monetization  ပေါ်မှာ ကိုဒီးဒီးရော ကိုအောင်ချမ်းမြေ့ရော ဖိတ်ပြီးတော့ ကျွန်တော်ပြောဖူးပါတယ်၊ Monetization    ကို ဘယ်လိုလုပ်ကြလဲ ၊ creator monetization  ဘယ်လိုလုပ်ကြလဲဆိုတဲ့ အကြောင်းနဲ့ပတ်သတ်ပီး ကျွန်တော် ပြောဖူးတယ်၊ ကျွန်တော့်ရဲ pageကို သူတို့နှစ်ယောက်ရဲ့ follower တွေကလည်းသိသွားတယ် ကျွန်တော့ရဲ့ follower တွေကလည်း သူတို့ကို သိသွားတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ (၃)ယောက်လုံးရဲ့ follower base က ပိုပြီးတော့များလာတာပေါ့နော်။ ဒါကတော့ collaboration   ကျွန်တော်ကတော့ completion အစား collaboration   ကိုပိုပြီးတော့သဘောကျတယ်ဆိုတော့ collaboration ကျွန်တော်တို့ လုပ်လို့ရတယ်။ နောက်တစ်ခုက Gary Vee fan ဆိုပိုသိမှာပေါ့ Gary Vee အကြောင်းမသိတဲ့သူတွေဖို့က ကျွန်တော်ကတော့ create လုပ်ရတာထက်စာလို့ရှိရင် document လုပ်ရတာပိုကြိုက်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း create လုပ်လေ့သိပ်မရှိဘူးဆိုတာက ဒါကြီးကိုဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ ဒါကြီးကို အားထုတ်ပြီးလုပ်မနေဘူး။ ကျွန်တော်ရဲ့  Ask Alex liveက အခုဖြေနေတာ အခုမှ မေးခွန်းတွေဖတ်ကြည့်တာ ဒီမေးခွန်တွေဖတ်ကြည့်ပြီးမှ အခုတခါထဲ ခေါင်ထဲရှိတဲ့ဟာတွေ ပြောပြတာပေါ့နော် ဥပမာ ကိုယ်က အပြင်သွားတယ် ကိုယ့်ရဲ့ရုံးမှာ ဗူးတွေဘာတွေထည့်တယ် အွန်လိုင်းရှော့ပင်တွေ၊ ဒါမှမဟုတ် စားသောက်ဆိုင်တွေ ကိုယ့်ရဲ့ Daily life တစ်ခုလုံးကို videoတွေရိုက်ထားပြီးတော့မှ  အဲ့ဟာကို ပြန်ပြီးတော့ ဥပမာ ဟင်းချက်တယ်ဆိုလို့ရှိရင် ဘယ်ဟာ ဘယ်လိုချက်တယ်ဆိုတဲ့ဟာမျိုးကို video content တစ်ခုနဲ့ document လုပ်လို့ရတယ်၊ အဲ့ document လုပ်တဲ့ဟာကို ကျွန်တော်တို့က ပြန်ပြန်ပြီးတော့ သုံးလို့ရတာပေါ့လေ၊အဲလိုဆို အများကြီးပိုပြီးတော့ အဆင်ပြေတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine