AskAlex

Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၄) Be True


Listen Later

Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ



အပိုင်း (၄) Be True
နောက်တစ်ခုက be true ပေါ့နော် တချို့ကျတော့  trend နောက်ကို တအားကြီးပါသွားတဲ့ဟာမျိုးတွေရှိသလို ကိုယ်တကယ်နားမလည်ဘဲနဲ့ မသိဘဲနဲ့ ပြောလိုက်မိတဲ့ ကိစ္စတွေလည်း ရှိတာဆိုတော့ ကျွန်တော်ကတော့ be true ဖြစ်စေချင်တယ်။ ပီးရင် နောက်တစ်ခုက quality နဲ့ quantity မှာ အဲ့နှစ်ခုကို ကျွန်တော်က balance out လုပ်စေချင်တာဘဲ ကျွန်တော် အရမ်းကြီး quality ကိုဦးစားမပေးဘူး ဘာဖြစ်လို့လဲဆိုတော့ qualityသည် ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူး ဘာလို့ပြောရလဲဆိုရင်  quality ဆိုတဲ့အရာက ကျွန်တော်တို့ထက်စာလို့ရှိရင် ကြည့်တဲ့သူနဲ့  ဆိုင်တာ ဥပမာ ကျွန်တော်ဒီလောက် qualityက  ကျွန်တော့  webcam နဲ့ပြောနေတာပေါ့နော် webcam quality ကို  ကောင်းပါတယ်ဆိုတဲ့သူ ရှိနိုင်သလို ဟင် ဘာကြီးလဲမသိဘူး လုံးဝ camera ကြီးနဲ့ထောင်ပြီး ရိုက်တာတောင်မှ camera က resolution ကစုတ်ပြတ်သက် နေတာဘဲဆိုတဲ့ ပြောပြောခံနေရတဲ့သူလည်းရှိတယ်။ ဆိုတော့ quality သည်ကျွန်တော်တို့ ဆုံးဖြတ်လို့ရတဲ့ ဟာမျိူးမဟုတ်ဘူး။ နောက်ဆုံးဗျာ ကျွန်တော်ပြောပြမယ် video quality မဟုတ်ဘဲနဲ့ content quality ဘဲ ပြောအုန်း ကျွန်တော်အခုပြောနေတဲ့ဟာတွေက blogging  ကို အခုမှ စလုပ်တဲ့သူတွေအတွက်က အဆင်ပြေနိုင်ပေမဲ့ blogging လုပ်နေတာ နှစ်(၂၀) လောက်ရှိပြီ၊ (၁၅)နှစ် နှစ်(၃၀)လောက်ရှိပြီဆိုတဲ့ သူတွေအတွက်ကျတော့ ဒီကောင် အရမ်း general ဆန်တာဘဲဆိုတဲ့ idea တစ်ခု ဒါမှမဟုတ် အမြင်တစ်ခုရသွားနိုင်တယ်။ သူတို့ ၁၅နှစ် နှစ် ၂၀ အနှစ်၃၀ လုပ်နေတဲ့သူတွေအတွက်ကျ ကျွန်တော်ရဲ့ contentတွေသည် quality contentဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုမှ စလုပ်တဲ့ သူတွေအတွက်ကတော့ ကျွန်တော်ရဲ့ contentတွေသည် quality content ဖြစ်နိုင်တယ်။ quality သည် ကျွန်တော့ဘက်က အမြင်ကတော့ ကျွန်တော်တို့ထက်စာလို့ရှိရင် ကြည့်တဲ့သူနဲ့ဘဲပိုပြီးတော့ ဆိုင်တယ်လို့တော့ ကျွန်တော်သုံးသပ်ပါတယ်။ ကျွန်တော်ကတော့ quality နဲ့ quantity ကို balance out လုပ်တယ် ကျွန်‌တော်တို့ content တစ်ခုကို ရှယ်လုံးဝအမိုက်စား လေးငါးဆယ်ရက်လောက်အချိန်ယူပြီးလုပ်မဲ့အစား ကျွန်တော်က၂ရက်၃ရက်လောက်နဲ့ content တစ်ခုကို ရအောင် create လုပ်တယ် ထုတ်လိုက်တယ် အဲ့ content create ဟာကိုမှ  စောစောကပြောသလို ဘယ်လိုမျိုးပြန်ပြီးတော့ content အသေးအသေးတွေ ဘယ်လိုမျိုးပြန်ခွဲလို့ရမလဲဆိုတဲ့ဟာမျိုးကို စဉ်းစားပြီးတော့မှ  ကျွန်တော်က ဆိုင်ရာဆိုင်ရာ platform တွေဆီကို ပြန်ပြီးလွှင့်တယ်ပေါ့နော်။ ဆိုတော့ကျတော့ အဲ့ဟာက ကျွန်တော်အတွက် အများကြီး ပိုပြီးတော့ အဆင်ပြေတာဘဲ ကျွန်တော်တို့က quantity over,  quality အနေနဲ့ပိုသွားတယ် ပြီးလို့ရှိရင် document လုပ်ပြီးတော့မှ distribute လုပ်တာ ကျွန်တော်ကပိုပြီးတော့ များတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine