AskAlex

Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၅) Long Time


Listen Later

Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ


အပိုင်း (၅) Long Time
နောက်ဆုံးတစ်ခုကတော့ ကျွန်တော့်အနေနဲ့ ဘာအကြံပေးချင်လဲ ဆိုတော့လေ personal branding က ကျွန်တော်တို့ တစ်ရက် နှစ်ရက် လုပ်ရတဲ့ တစ်လ နှစ်လ၊ တစ်နှစ် နှစ်နှစ် လုပ်ရတဲ့ဟာမျိုးမဟုတ်ဘူး။ personal branding ဆိုတာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီပြီးတော့ သွားလို့ရတယ် သွားကိုသွားရမှာ ko phyo khant အခု အသက် ဘယ်လောက်လဲ ကျွန်တော်မသိဘူး။ ကျွန်တော်ဆိုလို့ရှိရင် ၂၉ ရှိပြီ၊ ကျွန်တော် Ask Alex ကိုစတာ alex khine page ကိုစတာ အရမ်းတော့ မကြာသေးဘူး  ရှိလှရင် ၅နှစ် ပေါ့လေ။ ကျွန်တော်အနေနဲ့ကတော့ ဒီဟာသည် မာရသွန် ပါ spirit မဟုတ်ပါဘူး အဲ့ဟာအတွက်ကိုလည်း ခဏခဏပြောပါတယ် ဘာလို့လဲဆိုတော့  ကျွန်တော်အမြဲတမ်းခေါင်းထဲထည့်ထားတဲ့ဟာက ဘာရှိလဲဆိုတော့ platform တွေက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေမှာ ကျွန်တော်က Digital ခေတ်ဦးကိုမှီခဲ့တာပေါ့နော် အရင်တုန်းက HiFi တို့ Flickr တို့ထိကို မှီခဲ့တယ် Mirc တို့ မှတ်မိမယ်ထင်ပါတယ် VZO  chat တို့ စတဲ့ စပေါ်တဲ့ ခေတ်ကို မှီခဲ့တာဆိုတော့ အဲ့ဟာတွေပျောက်သွားတယ်။ ပြီးတော့ Facebook ပေါ်လာတယ်။ Twitter ပေါ်လာတယ်။ ပီးတော့ Gtalk ပေါ်လာတယ်.. အခု Gtalk တောင်ပေါ်ပြီးပြန်ပျောက်သွားပြီ။ အခု Facebook ပေါ်လာတဲ့အချိန်မှာကို TikTok  ပေါ်လာတယ် အရင်တုန်းကတော့ Musically ပေါ့လေ ဒါပေမဲ့ Musically ကနေပြီး TikTok ကဝယ်လိုက်တယ် ။ ဝယ်ပြီးတဲ့အခါမှာ TikTok ဖြစ်သွားတယ်။ Platformတွေက အဲ့လိုဘဲ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေမှာဘဲ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Branding က Should be Consistent ကျွန်တော်ဆို အမြဲတမ်း ဘာလုပ်လေ့ရှိလဲဆိုတော့ platform အသစ်ထွက်ပြီဆိုလို့ရှိရင် အဲ့ platform ကို ကျွန်တော်စမ်းကြည့်တယ် ကျွန်တော်တို့ Youtube ကိုလည်း  အရင်တုန်းကတည်းက post တွေတင်ပေးနေတာပေါ့နော် ပြီးလို့ရှိရင် TikTok မှာ လူတွေရှိ နေတဲ့အချိန်မှာ TikTok ကို သွားပြီးတော့ share  ကြည့်တယ် post တွေတင်ကြည့်တယ် ကျွန်တော့်အကောင့် သည် LinkedIn   မှာလည်းရှိတယ်  Instagram မှာလည်းရှိတယ် Podcast  တွေမှာလည်း ရှိတာ ဆိုတော့ကျတော့  ကျွန်တော်ကတော့ အဲ့ဒီ့ မာရသွန်ကိုပိုပြီး တော့ကြည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့  တခါတလေဗျာ အရင်တုန်းက Vimeo  ဆိုတဲ့ဟာမျိုးသုံးလားမသိဘူး Vimeo ဆိုတဲ့ဟာက TikTok ပုံစံမျိုးဆန်တယ် သူက video အတိုလေး အတိုလေးတွေ ရိုက်ပြီးတော့ တင်ကြတာဆိုတော့ကြတော့ ပြီးတော့ Vimeo လည်းပျောက်သွားတာဘဲ platform တစ်ခုထဲပေါ်မှာ ကိုယ့်ရဲ့ဟာကြီးကိုထားတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်က platform ပေါင်းစုံမှာ ရှိစေချင်တယ်၊ ဒါမှဘဲ ကျွန်တော်တို့ရဲ့ branding က personal branding  ဘဲလုပ်လုပ် commercial branding ဘဲလုပ်လုပ် branding  ကပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ကျွန်တော်ယူဆတယ်။ အဲ့တော့မှ platform တက်သွားတယ် platform နဲ့အတူတူ ကိုယ်လိုက်တက်လာတယ် platform ကျသွားပြီးဆိုလို့ရှိရင်က ကိုယ်က တခြားနေရာမှာ ခြေကုပ်ယူထားတယ်ဆိုလို့ရှိရင် ဘယ်လိုအကြောင်းကြာင်းနဲ့ဘဲကျကျ attention ထပ်ရလာနိုင်တဲ့ platform တွေပေါ်မှာ ကိုယ်ကရှိနေတယ်ဆိုလို့ရှိရင် အများကြီး ပိုပြီးတော့ ကိုယ့်အတွက် လည်း  အဆင်ပြေလာနိုင်တယ် အဲ့တာလေးတော့ ကျွန်တော်အကြံပေးချင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine