Komanaw - Podcaster

"ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ်"


Listen Later

ပုပ္ပါးမျောက်မြီးရှည်တွေကို မျောက်မျက်ကွင်းဖြူ၊ ပုပ္ပါးလန်ဂါ လို့ ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ မြန်မာ့မျိုးစိတ်အဖြစ်နိုင်ငံတကာအဖွဲ့တွေက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကမ္ဘာကိုကြေညာခဲ့ပါတယ်။ မြန်မာ့မျိုးစိတ်သစ်အဖြစ်တွေ့ရှိချိန်မှာပဲ Critically Endangered Species (မျိုးသုဉ်းလုနီးပါး) အဆင့်ကိုပါ တစ်ခါထဲရောက်ရှိခဲ့တာပါ။မြန်မာနိုင်ငံမှာ ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်ဟာ ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀လောက်ပဲကျန်ရှိပါတော့တယ်။ ပုပ္ပါးတောင်မကြီးတဝိုက်မှာ အများဆုံးနေထိုင်တဲ့မျောက်လေးတွေဖြစ်တာကြောင့် ပုပ္ပါးမျောက်မြီးရှည်လို့ အမည်သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း ပဲခူးရိုးမ၊ ရှမ်းပြည်နယ် ပန်းလောင် ပြဒါးလင်းဂူတို့မှာ တွေ့ရှိရသလို၊ ကရင်ပြည်နယ်ရဲ့ ရသေ့ပျံတောင်ဝန်းကျင် ရသေ့ပျံဂူ၊ စပါးဂူနှင့် အာလဝံအင်းအနီးမှာလည်း နေထိုင်ကျက်စားကြပါတယ်။ပုပ္ပါးမျောက်မြီးရှည်တွေဟာ မျေက်ချေးခါးဟင်းအတွက်အမဲလိုက်ခံရတာ၊ ရောင်းဝယ်စားသောက်ကြတာ အတင်းအကျပ်ဖမ်းဆီးမွေးမြူတာတွေကြောင့်လည်း တဖြည်းဖြည်းအကောင်ရေနည်းပါးလာနေပါတယ်။ပုပ္ပါးမျောက်မြီးရှည် တွေကို လက်လွယ်စလွယ် ဖမ်းဆီးသတ်ဖြတ်နေမယ်ဆိုရင် လုံးဝမျိုးတုန်းပျေက်ကွယ်သွားတော့မယ်လို့ အသိပညာပေးသူတွေကပြောပါတယ်။

...more
View all episodesView all episodes
Download on the App Store

Komanaw - PodcasterBy Komanaw-Podcaster