ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၆)


Listen Later

"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၆)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မမေ့နိုင်တဲ့ ရဿစုံကို ဝေမျှပေးသွားမှာ  ဖြစ်ပါတယ်။

လာမယ့် မဟာသင်္ကြန် အတက်နေ့ ည ၆ နာရီမှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သင်္ကြန်ကာလ အမှတ်တရတွေနဲ့ အခုလို ရဿစုံလင် သင်္ကြန်ရင်ခွင် စီစဉ်တင်ဆက်ဖြစ်ခဲ့ပုံ အကြောင်းကို အပိတ်နှုတ်ဆက်အဖြစ် ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

https://www.facebook.com/MyanmarCinemAbilityNetwork/

https://myanmarcinemabilitynetwork.wordpress.com

https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

https://t.me/mcanetwork

: 09261256493, 0994a1559897

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network