Dawei Watch Podcast

ရော့ထန်နဲ့ တာကေးရု တို့ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးမယ်


Listen Later

ထိုင်းဖိုက်တာတွေထဲက နာမည်ကျော် ရော့ထန်နဲ့ မကြာသေးခင်ကမှ သန့်ဇင်ကို အနိုင်ရထားတဲ့ တာကေးရု တို့ ပွဲထိုးပါတော့မယ်။


ရော့ထန်ရဲ့မန်နေဂျာကိုယ်တိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရော့ထန်နဲ့ တာကေးရု တို့ ပွဲထိုးမယ့်အချိန်ကို ပြောပြလိုက်တာပါ။


ရော့ထန်နဲ့ တာကေးရု တို့ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးကြတော့မယ်လို့ သိရှိရပါတယ်။ ပွဲထိုးရမယ့်နေ့ရက် အတိအကျကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။


တာကေးရုက စူပါလက်ခ်၊ သန့်ဇင် စတဲ့ သူ့ပြိုင်ဘက်တွေကို သူ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစ်ဘောက်ဆင်ဘက်မှာချည်း ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဒီပွဲကလည်း ကစ်ဘောက်ဆင်နည်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲပဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။


ရော့ထန်နဲ့ တာကေးရုတို့ရဲ့ ပွဲမှာ ဘယ်သူ နိုင်သွားလေမလဲ။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings