AskAlex

Real Estate Page အတွက် Creative ဖြစ်အောင် Idea ဘယ်လိုထုတ်ရမလဲ..?


Listen Later

Q: Real Estate page တစ်ခုအတွက် တနေ့ကို ၁လကို post 30 လောက် Content idea ထုတ်ရပါတယ်ရှင့် post 30 ထဲမှ Sale, Branding, Knowledge post တွေပါ ပါတယ်အကို။ ၄လကျော်လောက် နေ့တိုင်း အိမ်ခြံမြေနဲ့  ပတ်သက်တဲ့ content တွေကို နေ့စဉ်လုပ်နေတော့ idea တွေထပ်လာလို့ ဘယ်လိုမျိုး creative ဖြစ်အောင်လုပ်ရမလဲ မသိဘူးအကို  page ownerက လူကြီးပိုင်းဖြစ်တော့ လူငယ်ဘက်သွားတဲ့ content တွေလည်းမကြိုက်ပါဘူး Post တိုင်းကိုလဲ Headline တွေထုတ်ပြီး Design နဲ့တကွ Frame နဲ့လုပ်ပေးရတာဆိုတော့ Designer ရော Content Writer ပါ တော်တော်လေး အခက်တွေ့ရပါတယ်။

A: အကြံပေးချင်တာက တခြားသော page တွေကို အမြဲတမ်းစောင့်ကြည့်စေချင်တယ်၊ မြန်မာနိုင်ငံက မဟုတ်ဘဲနဲ့ တခြားသောနိုင်ငံက Real Estate website တွေ  Real Estate page တွေ အဲ့ဟာမျိုးကို သွားကြည့်သင့်ပါတယ် သူတို့ရဲ့ idea တွေကို ကျွန်တော်တို့က absorb လုပ်ပြီးတော့မှ သွားသင့်တဲ့ ဟာမျိုးက ပိုပြီးတော့များတယ်၊ ညီမ သင်းမြတ်နိုးပိုပြီးသိမယ် ထင်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့အကြံပေးလေ့ရှိတာက campaign လုပ်ဖို့ပါ ပုံမှန်လေးတင်တာက လူကြိုက်တာ ကျွန်တော်တို့ သိတယ် ပုံမှန်လေးတင်တာက ဒါသည် ပုံမှန်လေးဘဲ ဖြစ်သွားမှာ ကျွန်တော်တို့က အမြဲတမ်း (၁)နှစ်မှာ campaign (၃)(၄)ခုလောက် ကွာတာ တစ်ခုကို campaign တစ်ခုလောက် လုပ်ဖို့က အကြံပေးလေ့ရှိတယ်၊ campaign အသေးနဲ့ အကြီးက ကွာမှာပေါ့လေ ကျွန်တော်တို့ seasonal campaign တွေ real  မှာ ကျွန်တော်တို့ အများဆုံးဘယ်အချိန်မှာ ဝယ်လေ့ရှိတာလဲ ဥပမာ  January February မှာ ဝယ်လေ့ရှိတယ်ဆိုရင် January February မှာ campaign အကြီးကြီး လုပ်ချလိုက် ကျွန်တော်တို့ ဓါတ်ပုံတွေ ရိုက်တာတို့ မင်းသားနဲ့ မင်းသမီး ဓါတ်ပုံရိုက်တာတို့ Marketing လုပ်တာတို့ KOL marketing လုပ်တာတို့ ဘာတို့ညာတို့ သွားတဲ့ဟာမျိုး အဲ့တာဆိုရင် လူတွေရဲ့ ပုံမှန်ဆိုလို့ရှိရင်က လူတွေက attention ကလည်း  အင့် အင့် နဲ့ ဖြစ်သွားတယ် အဲ့လိုမဟုတ်ဘဲ ဒုန်းဆိုပြီး campaign တစ်ခုလုပ်လိုက်တဲ့အချိန်မှာ ပိုပြီးတော့ မြင်လွယ် သိလွယ်ဖြစ်သွားတယ်ပေါ့ ဆိုတော့ကျတော့ ကျွန်တော်တို့ဘက်က အကြံပေး လေ့ရှိတာက campaign လုပ်စေချင်ပါတယ်..။ အဲ့လိုဆိုရင်တော့ နည်းနည်းလေးအဆင်ပြေမယ်ထင်ပါတယ်..။

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine