eaineain

ရေဘူး


Listen Later

ရေဘူးဖက်တီးကြီးတစ်လုံး ဝယ်ပြီးတဲ့နေ့ကတည်းကစ သွားလေရာ ရေအပြည့်ဖြည့်သယ်တော့တာပဲ။ ရေဘူးဟာ ဖက်တီးဖြစ်နေရခြင်းရဲ့ ကောင်းကျိုးတွေမတရားများတယ်
သူများတစ်လီတာဆန့်ဘူးလေးတွေကို *‌ေ-ာက်ဂျပိန်လေးတွေ မင်းတို့ ငါ့လို နှစ်လီတာဆန့်လား ကိုယ့်သခင်ကိုယ် ရေတစ်လီတာဝန်ဆောင်မှုပေးပြီးတိုင်း ပေးပြီးတိုင်း အခါခါအထပ်ထပ်ပြန်ဖြည့်ခိုင်းနေရမယ့် သခင့်ပြန်ခိုင်းအကွက်တွေ၊ ငါက မင့်တို့ထက် နှစ်ဆ နှစ်ဆ အလုပ်လုပ်‌ကျွန်ပြုပေးနေတာကွ*
ထမင်းဆိုင် မုန့်ဆိုင်ရောက်လို့ ဗိုက်ရိုက်စား‌သောက်ပြီးတိုင်းလည်း ရေလေးတငုံ‌ သောက်ရဖို့အရေး ငါးရာ ခုနှစ်ရာ တစ်ထောင် ထပ်တိုးပေးပြီး ရေသန့်ဗူးဝယ်သောက်စရာမလိုတော့ဘူးးး ငါ့မှာရေဗူးပါတယ်ကွ ကြိုတင်ပြင်ဆင်ဝီရိယစိုက်ထုတ်သယ်လာတဲ့ကောင်ဟာ ငါပဲဆိုပြီး သူများထက်နှာတဖျားသာတဲ့အထာနဲ့ ဟန်ကျပန်ကျသောက်ရုံပဲ
နောက်တစ်ခုကောင်းတယ်ထင်တာကတော့ ဒီကောင်က ဝဝတုတ်တုတ်ကြီးဖြစ်နေတော့ အပြင်တစ်နေရာရာရောက် မတ်တပ်ရပ်စောင့်ဆိုင်းစရာ ဘာညာရှိနေတုန်း အားရပါးရ ဖက်ထားလို့လည်းရတယ် squishy မွေးပွရုပ်တွေပေါ်ထားတဲ့သဘောထားလို လိုအပ်လာတိုင်း emotional support အဖက်ခံ သောက်ရေသန့်ဘူးကြီးပါပေါ့
များသောအားဖြင့်တော့ ရေသန့်ဘူးကြီးတကိုင်ကိုင်နဲ့ နေရာတကာရှိနေ လမ်းလျှောက်နေ ထိုင်နေတဲ့လူတစ်ယောက်ဖြစ်ခြင်းဆိုပြီးလည်း အဲ့လိုလူတစ်ယောက်ဖြစ်ခွင့်ရသေးတာပဲ၊ ဘေးနားတခုခုလုဖို့ ယက်ဖို့ မသမာဖို့လာမယ်ဆိုရင်လည်း ရေသန့်ဘူးနဲ့ ခေါင်းကို ရ အိုက် ထည့်မယ် အနည်းဆုံးတော့ ကာတွန်းဆန်ဆန် တိန် ခနဲနေမှာပဲ
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain