eaineain

ရန်ကုန်မှာရေးတဲ့ကဗျာ၊ မောင်သင်းခိုင်


Listen Later

ရန်ကုန်မှာရေးတဲ့ကဗျာ
_______________________________ မောင်သင်းခိုင်
(၁)
စပိန်ပြည်ရဲ့
ဖက်ဆစ်အာဏာရှင်ကြီး
"ဖရန်ကို"ကွယ်လွန်သွားပြီဆိုတဲ့သတင်း
တနိုင်ငံလုံးက ပြည်သူတွေကြားလိုက်ရတော့......
သမရိုးကျမြန်မာစကားနဲ့ပြောရရင်
လှည်းနေ၊လှေအောင်း၊မြင်းဇောင်းမကျန်
အနှစ်နှစ်အလလက စစ်သံခွါအောက်မှာ
ပြားပြားဝပ်ခဲ့ရတဲ့ ဦးခေါင်းတွေ
ထူမတ်လာကြပြီး လမ်းမတွေပေါ်ထွက်လာခဲ့ကြ
လွတ်ပြီဟေ့ ကျွတ်ပြီဟေ့ မင်းဆိုးမင်းညစ်
ဖက်ဆစ်လက်က လွတ်ပြီ ကျွတ်ပြီဟေ့ လွတ်ပြီ
အိမ်ရှင်မ မိန်းမသားထုကြီးကလည်း ဟော့သလို မေတ္တာပို့ကြလေရဲ့
ဟဲ့....သေနာကောင်၊သေချင်းဆိုး"ဖရန်ကို"နင့်အလှည့်ရောက်ပြီလေ
ဟဲ့..... .....အုတ်ကြားမြက်ပေါက်ကောင်ရဲ့ သွားတော့ ၊သွားတော့
ငရဲမင်းကြီးရဲ့ သံသရာဝဲဂယက်မှာ နင်လည်စင်းခံပေရော့
ဟဲ့....."ဖရန်ကို"အလှည့်ကျရင် မနွဲ့ရဘူးဆိုတာ မှတ်ထား။. ။
(၂)
အဲဒီညက
"ဖရန်ကို".........ကို ကောင်းချီးပေးတဲ့အနေနဲ့
တပြည်လုံး ပျော်ရွှင်မှုအထိမ်းအမှတ်အဖြစ်
သောက်လိုက်ကြတဲ့ အရက်တွေ စပိန်တစ်ပြည်လုံး
ရှန်ပိန်တွေပြတ်သွားကြသတဲ့
အဲဒီအကြောင်းကို သတင်းစာတွေကရေးသားခဲ့ကြတယ်။ ။
(၃)
ကဲ...... နေထက်နိုင်ရေ့..........တို့လဲ
လိုရမယ်ရပေါ့ကွာ
ဘယ်လို အရက်မျိုးပဲဖြစ်ဖြစ်ပေ့ါလေ
မင်းတို့ငါတို့ ခုကတည်းက
ကြိုတင်ပြီးစုဆောင်းထားကြရင်
မကောင်းဘူးလားဟေ့။ ။
မောင်သင်းခိုင်
...more
View all episodesView all episodes
Download on the App Store

eaineainBy eaineain