ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

Role Model စံပြပုဂ္ဂိုလ်


Listen Later

🗣"Role Model စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ထားရှိဖို့ပါ။

ကျွန်တော်တို့ မသန်စွမ်းသူတွေ ဘဝမှာလည်း သူလိုကိုယ်လို လူတစ်လုံး သူတစ်လုံး အဆင့်အတန်းရှိရှိနဲ့ သူများနဲ့ ရင်ပေါင်းတန်းနေချင်ကြတဲ့ နေလိုကြတဲ့ စိတ်ဆန္ဒရှိတဲ့သူတွေပါ။ ကျနော်တို့ ဒီလိုစိတ်ဆန္ဒတွေရှိနေခြင်းဟာလည်း တကယ့်ကို မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေပါ၊ ဒီစိတ်ဆန္ဒေ တွက တကယ့်ကို ထားရှိသင့်တဲ့ ထားရှိရမယ့် စိတ်ဆန္ဒတွေပါ။ ဒါမှသာလျှင် မိမိရဲ့ စိတ်ဓာတ်က လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်က အမြဲတမ်းလိုလို ပြင်းပြနေမယ်လေ။"

🎤"မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ Role Model တွေထားရှိပြီး ခွဲခြားဆက်ဆံခံရမှုတွေကို ဘယ်လိုလက်တွေ့ကျကျ ရင်ဆိုင်မလဲဆိုတာကို သူ့အတွေ့အကြုံနဲ့ အားပေးထားတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားဆင်အားပေး ကြရအောင်နော်။

👨‍🦽 စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအားဖြင့် ကလေးဘဝမှာကတည်းက ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ဦးနှောက်နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ရာ အားနည်းစေပြီး သွားလာပြောဆိုရာမှာ အခက်အခဲရှိနေတဲ့ မသန်စွမ်းမှုလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။

👨‍🦽 Cerebral palsy (CP) is a group of disorders that affect a person's ability to move and maintain balance and posture. CP is the most common motor disability in childhood. Cerebral means having to do with the brain. Palsy means weakness or problems with using the muscles.

🎤 များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မသန်စွမ်းသူများကို အပေါ်ယံကြည့်ရှုပြီး သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို လှေနံဓါးထစ် အကဲဖြတ်တတ်ကြပါတယ်။ တစ်ကယ်တော့ သူတို့မှာ အများနည်းတူ ရည်မှန်းချက်တွေ၊ အိပ်မက်တွေနဲ့အတူ ဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် ထိုက်သင့်တဲ့ အရည်အသွေးတွေ၊ လေ့လာဆည်းပူးမှုတွေ ကိုယ်စီရှိနေတတ်ပေမယ့် ဒါကို တစ်ချို့သော မိသားစုဝင်များ အပါအဝင် လူမှုအသိုက်အဝန်းက အလွယ်တကူ လက်ခံရှုမြင်ပေးနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီတော့ မိမိတို့ရဲ့ မသန်စွမ်းမှုနဲ့ပတ်သက်ပြီး ခေတ်မမှီတော့တဲ့ အတွေးအမြင်တွေကို ဖယ်ရှားပစ်ဖို့ အထူးပဲ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါမှသာ နေရာစုံ၊ လုပ်ငန်းခွင်စုံမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားမှုတွေ၊ သူတို့ရဲ့ အရည်အချင်းအပေါ်မှာ အသိအမှတ်ပြု လက်ခံပူးပေါင်း ဆောင်ရွက်မှုတွေ ဒီထက်ပိုမိုတိုးတက်လာပြီး လူတိုင်းအကျုံးဝင်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကို အတူတကွ လက်တွဲဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 👏

******************************************************

📢(ကြော်ငြာကဏ္ဍ)

👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136

👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805

🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲

👉 https://anchor.fm/mcanetwork

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.clubhouse.com/club/myanmar-cinemability-network

👉 https://www.youtube.com/@mcanetwork

👉 https://t.me/mcanetwork

👉 https://twitter.com/MCinemAbilityN

👉 https://www.instagram.com/myanmarcinemabilitynetwork/

👉 https://www.linkedin.com/company/mcanetwork/

👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ

📧 Gmail: [email protected]

☎️ 09261256493, 09420819597, 099450067352

#RoleModel

#HirotadaOtotake

#NickVujicic

#KyleMaynard

#CerebralPalsy

#MotivationForYouth

#PodcasterWithDisability

#DisabilityAndCreation

#InclusiveIndependentPodcast

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network