AskAlex

Sale Target Plan ဘယ်လိုဆွဲရမလဲ..?


Listen Later

Q: sale target plan ဆွဲရင် ဘယ်လိုအခြေခံကစပြီး ဆွဲလို့ရလဲဆရာ။ ကျွန်တော်သေချာလေး သိချင်လို့ပါ ဆရာ။ ပြောပြလို့ရမလားဆရာ။

A: ကျွန်တော် sale သမားမဖြစ်ခဲ့ပါဘူး။ မဖြစ်ခဲ့ပါဘူးဆိုတာ ကျွန်တော်စျေးရောင်းဖူးပါတယ်။ ကိုယ့်ဘာသာကိုယ် sale ကို marketing လို hundred percent ကြီးပြောပြလို့ရမယ်လို့ မယူဆမိဘူး။ ဒါပေမဲ့ ကျွန်တော်သိသလောက် လေး နှမ်းဖြူးပြရမယ်ဆိုရင် ကျွန်တော်တို့က sale target plan ကိုဆွဲတယ်ဆိုလို့ရှိရင် ဥပမာ- ကျွန်တော် level up group အတွက်ကိုပေါ့နော် ကျွန်တော်တို့ဆီမှာ company လေးငါးခုလောက်ရှိတယ်။ business entity လေးငါးခုလောက်ရှိတယ်။ အဲ့ဒီအထဲကမှ ထားပါတော့ KOL marketing လုပ်ပေးနေတဲ့ influence တို့ music production တွေ music တွေနဲ့ပတ်သက်တဲ့ Reddy တို့ ပြီးရင်ကျွန်တော်တို့ရဲ့ FYI marketing / Level One/ level up အဲ့တာတွေနဲ့ sale target ကိုဆွဲတယ်ဆိုရင် ဘာနဲ့ဆွဲလဲဆိုတော့ passed data ကို ကျွန်တော်တို့က အမြဲတမ်းအခြေခံတယ်။ အခြေခံပြီးမှ target ကပုံမှန်က business goal တွေရှိတယ်။ business goal ကတော့ management team ကနေဆက်လုပ်လေ့ရှိတယ်။ ဒီနှစ်မှာတော့ ဘယ်လောက် goal လုပ်ကြမယ်ဟေ့။ အဲ့တာက management team ကလာတယ်။ အဲ့ဒီဟာကို passed data လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ်သုံးလေးငါးနှစ် များရင်များသလောက် sale trend တွေမြင်ရမှာဆိုတော့ အဲ့ပေါ်မှာမူတည် ပြီးတော့ ဒီနှစ်ထဲမှာ။ ကျွန်တော်က marketing သမားဆိုတော့ marketing စကားနဲ့ပဲ ပြောမယ်။ PESTEL ကိုပြန်ကြည့်တယ်။ ကြည့်တဲ့အချိန်မှာ အခုဆိုရင် political issue တွေရှိတယ်။ ပြီးရင် technology issue တွေရှိတယ်။ ပြီးရင် hard နဲ့ပတ်သက်တဲ့ issue တွေရှိတယ်။ အဲ့တာနဲ့ပတ်သက်ပြီး အရင်တုန်းက ရောင်းအားအကောင်းဆုံးမြို့နယ်တွေကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ တစ်ချို့မြို့နယ်တွေက ဒီနှစ်မှာ sale တွေကျနေတာလား။ လွန်ခဲ့တဲ့ခြောက်လမှာ sale တွေကျနေတာလား။ ဘာကြောင့်ကျနေတာလဲ။ ထပ်ပြီးတော့ဆွဲတင်လို့ရနိုင်သေးလား။ သုံးသပ်ကြည့်ပါတယ်။ အဲ့ကနေ region by region။ sale ကို တစ်နှစ်စာမဟုတ်ဘဲနဲ့ region by region ကိုမှ quarterly အရင်ဆုံး target ထားပြီးတော့မှ တစ်နှစ်စာပြန်သွားတာပါ။ ကျွန်တော့်ကို marketing plan, marketing target ဘယ်လိုမျိုး KPI ဘယ်လိုမျိုးပေးရမလဲဆိုလို့ရှိရင် ကောင်းကောင်းကြီးဖြေနိုင်မယ်ဆိုပေမဲ့ ကျွန်တော်က sale ဘက်မှာ သက်တမ်းအများကြီး run တဲ့လူမဟုတ်တော့ sale target plan ကိုပြည့်ပြည့်စုံစုံ မဖြေပေးနိုင်ရင်တော့ စိတ်မရှိပါနဲ့။

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine