Myanmar Clubhouse Events

Science Behind Mediation 🧘🏻‍♂️


Listen Later

ယနေ့ခေတ်မှာ Spiritual နဲ့ ပတ်သက်တာတွေ ခေတ်စားလာတာနဲ့အမျှ တရားထိုင်ခြင်းဆိုတာကပါ အတူတွဲပါလာပါတယ်။

 လူအချို့က တရားထိုင်တယ်ဆိုတာ ဘာသာရေးနဲ့ ဆိုင်တာလား?

တရားထိုင်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရတာလဲ? ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာကြပါတယ်။

 ဒီမေးခွန်းတွေကို ကိုလပြည့်နဲ့ ကိုDavid တို့ကသိပ္ပံနည်းကျ အချက်အလက်တွေအပြင် ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ပါ ရှင်းပြထားပါတယ်။

 Consciousness (သိစိတ်) နှင့် unconsciousness (မသိစိတ်) အကြောင်းတွေကို ဥပမာကောင်းတွေနဲ့ မြင်သာအောင် ရှင်းပြပြောဆိုထားပါတယ်။ 

 ဒါ့အပြင် တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာနဲ့ပါ ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာကို နားထောင်ကြရမှာ ဖြစ်ပါတယ်။

 အရမ်းကို လက်တွေ့ကျပြီး Results မြင်ရမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ရော အခုမှ စထိုင်မှာမို့လို့ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့သူတွေအတွက်ပါ အကြံညဏ်ကောင်း နည်းလမ်းကောင်းလေးတွေ ဝေမျှထားတာတဲ့ ဒီစကားဝိုင်းလေးက အားလုံးအတွက်အထောက်အကူဖြစ်စေမဲ့ စကားဝိုင်းလေးဖြစ်တာကြောင့် နားထောင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။


Clubhouse Event မျာကိုတိုက်ရိုက်နားထောင်ရန်  

ကိုလပြည့် -> https://www.clubhouse.com/@thelapyae

ကိုလပြည့်၏ နေ့စဉ်မျှဝေမှုများကို ကြည့်ရှုရန်  -> https://www.instagram.com/thelapyae/  

...more
View all episodesView all episodes
Download on the App Store

Myanmar Clubhouse EventsBy Myanmar Clubhouse