AskAlex

Second Hand run တဲ့အခါ content နဲ့ design ကို ဘယ်လိုသွားသင့်လဲ..?


Listen Later

Q: second mobile ကို run တဲ့အခါမှာရော content နဲ့ design တွေကို ဘယ်လိုမျိုးသွားသင့်ပါလဲ ကို Alex။ 

A: ကျွန်တော်ဝယ်ထားတဲ့ ပစ္စည်းတော်တော်များများကတော့ second hand တွေ ။ brand new နဲ့ second hand နဲ့က သိပ်မှမကွာတာ။ ဆိုတော့ second hand ဝယ်ပေါ့နော်။ ဒါပေမဲ့ second hand ဝယ်တဲ့အချိန်မှာ အကြောက်ဆုံး fear ကဘာလဲဆိုတော့ campaign တွေ content တွေ creation တွေ design creation တွေသွားတဲ့အချိန်မှာ အဲ့ဒီ customer fear ကိုပြန်ပြီးဖြေပေးရတာပေါ့နော်။ fear ကဘာလဲဆိုတော့ ဂျင်းထည့်ခံရမှာကြောက်တာ။ နှစ်ဂျင်းရှိတယ်။ စျေးဂျင်းနဲ့ ပစ္စည်းဂျင်း။ ပစ္စည်းကောင်းတယ်စျေးအရမ်း များတယ်ဆိုတဲ့ဟာနဲ့ စျေးအရမ်းပေါတယ်ပစ္စည်းကလည်းစုတ်ပျက်သတ်နေတာပဲဆိုတဲ့ဟာ။ အဲ့လိုဂျင်း ထည့်ခံရမှာကြောက်တဲ့ဟာကို ဒီ second hand mobile ကနေဘယ်လိုမျိုး solution ပေးနိုင်လဲပေါ့နော်။ customer fear ကို functional နဲ့တည့်ချိတ်တာ။ အဲ့ဒီပုံစံမျိုးနဲ့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သည် အမြဲတမ်း customer base ကိုစဉ်းစားတာဆို‌တော့ customer သည် ဘယ်လိုလူလဲဆိုတာသိဖို့ အရမ်းအရေးကြီး တယ်။ ဆိုလိုချင်တာက သူ့ရဲ့အသက်တွေ၊ နေတဲ့မြို့နယ်တွေ၊ ကိုယ့်ရဲ့ဆိုင်ဖွင့်ထားတဲ့မြို့နယ်၊ ပြီးရင် ပတ်ချာလည်ဘယ်နှစ်မိုင်အတွင်းကို သွားမှာလဲဆိုတာတွေ၊ သူ့ရဲ့စိတ်ဝင်စားတဲ့ဟာတွေ၊ hobbies တွေ၊ ဝင်ငွေတွေ၊ ရာထူးတွေ စတာတွေအကုန်လုံးသိပြီဆိုတော့မှပဲ brand direction ကိုအရင်ဆုံးတည်ပြီးတော့ ဒုတိယအဆင့်အနေနဲ့ content topic တွေဘာတွေဆက်ပြီးစဉ်းစာတာဆိုတော့ အခုဟာကရုတ်တရက် ကြီး content နဲ့ design အတွက်မေးတာဆိုတော့ အဲ့ဒီဟာအတွက် အဖြေမရှိပါဘူး ဆောရီးပါ။  

#marketing #digitalmarketing #market #career #askalex #askalexmm

...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine