Dawei Watch Podcast

ထားဝယ်မြို့ဟောင်းများကပြောတဲ့ ထားဝယ် လူမျိုး


Listen Later

သမိုင်းမဝင်၊ စာမတင်၊ ရွာပင်မခေါ်ရ ဟူသော စကားရပ်အရပင် မည်သည့်မြို့ မည်သည့်ရွာဖြစ်စေ သမိုင်းကရှိစမြဲပင်။ သမိုင်းဆိုသည်ကား ပျောက်ပျက်ကောင်းသည့် အရာမဟုတ်ပေ။ သမိုင်းဆိုလျင် သိရမည်၊ သိအောင်ပြုရမည်ဟု သမိုင်းပညာရှင်များက မိန့်ဆိုခဲ့ကြသည်။


သမိုင်းအစဉ်အလာကြီးသည့် တနင်္သာရီတိုင်းတွင်လည်း တန်ဖိုးဖြတ်မရသည့် သမိုင်းဖြစ်ရပ်များ၊ ရှေးဟောင်းသမိုင်းအထောက်အထားများ များစွာရှိနေသည်။

တနင်္သာရီတိုင်းတွင် တန်ဖိုးကြီးသည့် သမိုင်းဖြစ်စဉ်များနှင့်အတူ စိတ်ဝင်စားဖွယ် ဓလေ့များစွာလည်းရှိနေသည်။
ယင်းကြောင့်ပင် Dawei Watch မီဒီယာက ‘ဓလေ့ သမိုင်း’ ဆိုသည့် ပေါ့ကပ်အစီအစဉ်တစ်ခုကို စာဖတ်သူများအတွက် မိတ်ဆက်လိုက်ပါသည်။

ယခုအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်သွားမည်ဖြစ်ရာ စောင့်မျှော်အားပေးကြစေ လိုပါသည်။
ပိုမိုကောင်းမွန်သည့် အစီအစဉ်ကောင်းတစ်ခု ဖြစ်လာစေဖို့ ပရိသတ်များထံမှလည်း အကြံဉာဏ်ကောင်းများ ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါသည်။

ယခုအပတ်မှာတော့ ‘ထားဝယ်မြို့ဟောင်းများကပြောတဲ့ ထားဝယ် လူမျိုး’ ဆိုတဲ့ အကြောင်းကို နားဆင်ရမှာဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings