၁၄၅/၅၀၅ ထောင်မှတ်စု

ထောင်တွင်းမျက်တောင်တုတိုက်ပွဲ


Listen Later

မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃...
...more
View all episodesView all episodes
Download on the App Store

၁၄၅/၅၀၅ ထောင်မှတ်စုBy Burma Podcast Network